ကျစ်လျစ် = သိပ်သည်းသည်။ ကျစ်လျစ်သိပ်သည်း၏။ ဏိပုံ။ ၂၁၉။
ကျစ်¹ − ကြိ / ကျစ် / ၁။ (တီကောင်၊ ကြွက်စသော မြေအောက်သတ္တဝါတို့သည် တွင်းဖောက်ရာတွင် မြေကြီးကို) တူးယက်သည်။ ၂။ ကျစ်စာနှင့် တူအောင် လုပ်သည်။ “မုန့်ဆီမုန့်ပြား၊ အများကြော်ကျစ်၊ ငါးတစ်ငါးပိုင်း။” ပြာသို* ၁၁၂။
ကျစ်² − ကြိ / ကျစ် / တစုံတရာသော အနှောင့်အယှက်ကြောင့် နေ၊ လစသည်တို့၏ အရောင် မှိန်ဖျော့သွားသည်။ ရာဟုဂြိုဟ်၏ အဖမ်းကို ခံရသည်။ ကြတ်သည်။
ကျစ်စာ − န / ကျစ်စာ / ဖောက်ထွင်း၊ တူးယက်၊ ထွန်ခြစ်ရာမှ ထွက်လာသော မြေတုံးငယ်။ “ပုဇွန်ကျစ်စာ၊ တီကျစ်စာတို့ကို။” လား။ ၂၁။ “ထွန်ကျစ်စာ မြေစိုင်ခဲကို သဟပြဲ၍။” ချုပ်ပုံ၊ ၁။ ၁၀၃။
ကျစ်စုံ − န / ကျစ်စုန် / လေးပင်လိမ်၊ ခြောက်ပင်လိမ် စသည်ဖြင့် ချည်ကိုကျစ်လိမ်၍ ရက်ထားသော အထည်အလိပ်။
ကျစ်ဆန်နီ − န / ကျစ်ဆန်နီ / လှေထေးပိတ်ရန် ပြုလုပ်ထားသော အုန်းဆံကြိုးစသည်။
ကျစ်ဆန်မြီး − န / ကျစ်ဆန်မီး / သုံးစုခွဲ၍ တစုအပေါ် တစုကျော်၍ လိမ်၍ ဖွဲ့ချည်ထားသော ဆံပင်ရှည်။ မတ်ဦး − န၊ ၅၊ နှင့် နှိုင်းယှဉ်။
ကျစ်တွန့်တက် − ကြိ / ကျစ်တွန့်တက် / ကျစ်တွန့်တက် / ၁။ ကြိုးကျစ်ရာတွင် မညီမညွတ် အဖုအထုံးဖြစ်သည်၊ တွန့်လိမ်သည်။ ၂။ တဦးတယောက်က ဆုံးမသည်ကို ငြိမ်မနေပဲ ပြန်လှန်ပြောဆိုသည်။
ကျစ်လျစ် − ကြိ / ကျစ်လစ် / သိပ်သည်းသည်။ ပိပြားသည်။ ပိရိသည်။ သေဝပ်သည်။ စည်းကမ်းရှိသည်။ “ကျစ်လျစ်လှစွာသော ယောကျ်ားမြတ်၏။” သမန်၊ ပ။ ၁၆။
မှတ်ရန်များ
- ငါးတစ်ငါးပိုင်း
- တစုံတရာသော
- တစုအပေါ် တစုကျော်၍
- တဦးတယောက်က
ဒေါက်တာတင့်ဆွေ

Comments
Post a Comment