Skip to main content

ချောင်


ကွန်မင့်တခု = ရေငင်ပုံးကိုရေငင်ချောင်လို့ မုံရွာ လယ်တီကျောင်းတိုက်က ခေါ်ပါတယ်၊ ရေငင်ချောင် တိုက်ပွဲဆိုတဲ့ဝတ္ထုတိုတပုဒ်ငယ်တုန်းက ဖတ်ဖူးခဲ့ပါတယ်။ 

ဟုတ်တယ်။ 

မုံရွာမှာ ငယ်ငယ်ကကြားဘူးတယ်။ သံချောင် လို့လည်း ခေါ်ကြတယ်။

ချောင်

ချောင်¹ − ကြိ / ချောင် / ၁။ ကျဉ်းကျပ်ခြင်း မရှိ။ ပြည့်တင်းခြင်း မရှိ။ “ကျပ်လျှင်သပ်ပင်း၊ ချောင်လျှင်ထွင်းလော့။” မနူ။ ၁၅၆။ ၂။ တင်းကြပ်ခြင်း လျော့ပါး၍ ခိုင်မြဲခြင်းမရှိ ဖြစ်သည်။ “အဆစ်အမျက် ချောင်ခြင်း။” ကုထုံး။ ၂၅။ ၃။ ပင်ပန်းဆင်းရဲမှု နည်းပါးသည်။ သက်သာလွယ်ကူသည်။ “အနေချောင်လျှင် အသေကျပ်သည်။ အနေကျပ်လျှင် အသေချောင်သည်။” ပုံ။

ချောင်² − န / ချောင် / ၁။ ပစ္စည်းထည့်ကာ လွယ်ပိုးရသော တောင်းရှည်တမျိုး။ “တောင်သူပလော၊ နောက်လွယ်ချောင် နှင့်၊ ခေါင်ရေတလိုက်။” ဗျို့ပျို့၊* ၇။ ၂။ [ဒေသန္တရသုံး] သံပုံး။

ချောင်³ − န / ဂျောင် / ၁။ ဝေးခေါင်သော နေရာ။ ရောက်ပေါက်ရန် မလွယ်သော နေရာ။ “အိမ်ထောင်ညွတ်ကွင်း၊ သံချိုင့် တွင်းမှ၊ ရှင်းရှင်းလွတ်စင်၊ တောချောင်ဝင်၍။” ကိုး* ၂၁။ ၂။ အတွင်းကျသော နေရာ။ အတွင်းခန်း။ အလင်းမဲ့သောနေရာ။ “တိုက်ချောင်နန်းထဲ၊ ရင်ပြင်ပွဲမှာ။” ဓမ္မု* ၅။

၃။ တောင်ကမ်းပါးအောက် နက်ရှိုင်းရာ အရပ်။

ချောင်⁴ − ကြိ / ချောင် / မို့မောက်ပြည့်ဖြိုးရာမှ ပိန်ကြုံလျော့ပါး ချိုင့်ဝင်သွားသည်။ “မူလချွတ်ယွင်း မျက်တွင်းများ ချောင်ပါပြီ။” ရတြား၊ ၁၀၇။

ချောင်ကုပ် − ကြိ / ဂျောင်ဂုတ် / လူအရောက်အပေါက် နည်းသောအရပ်တွင် ပိပြားကျပ်လျစ်စွာ နေသည်။ အပြင်အပသို့ မထွက်ပဲ ပိပြားကျပ်လစ်စွာ နေသည်။

ချောင်ကျ − နဝိ / ဂျောင်ကျာ / လူအများ ကျက်စားသွားလာရာမှ ဝေးကွာသော။ ခေါင်သော။

ချောင်ခို − ကြိ / ဂျောင်ဂျို / ၁။ လူသူအရောက်အပေါက်နည်းရာ အရပ်တွင် မထင်မရှားနေသည်။ ၂။ [ဥပစာ] လုပ်သင့်သော အလုပ်ကို မလုပ်ပဲ တိမ်းရှောင်နေသည်။ အချောင်ခိုသည်။

ချောင်ချိ − နဝိ / ချောင်ဂျိ / မကျပ်မတည်း ဖြစ်သော။ မကျဉ်းမမြောင်းဖြစ်သော။ သက်သာလွယ်ကူသော။ ချောင်လည်သော။ “အသွားရအလာရ ချောင်ချိစေရန်။” ကုန်စုံ။ ၃၅။

ချောင်ချောင် − ကြိဝိ / ချောင်ဂျောင် / လွယ်လင့်တကူ။ သက်သက်သာသာ။ “ပွဲလယ်ခေါင်သို့ .... ချောင်ချောင်သွားလား၊ မဝင်အားရှင့်။” ဌေး* ၆၄။

ချောင်ထိုး − ကြိ / ဂျောင်ထိုး / မထင်ရှားရာအရပ်တွင် ဂရုမစိုက် ပစ်ထားသည်။ လျစ်လျူရှုထားသည်။

ချောင်လည် − ကြိ / ချောင်လည် / နေထိုင်စားသောက်ရေး ငွေရေးကြေးရေး ကျဉ်းကျပ်မှုမရှိ။ “နောင်နှစ်ခါ ချောင်လည်လိမ့်မည်။ ကြွေးကျေလိမ့်မည်။” တက်လမ်း။ ၁၀၁။

ချောင်လည်ချောင်ပတ် − ကြိဝိ / ဂျောင်လယ် ဂျောင်ပတ် / ထိုယောင်ယောင် ဤယောင်ယောင်။ ယောင်လည်လည်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ