အောက်ဆင်းမတတ်ဘူးနဲ့
အောက်မဆင်းတတ်ဘူးက
ဘယ်ဝါကျက အမှန်လဲ
"အောက် မဆင်းတတ်ဘူး" (အသုံးအများဆုံးနှင့် အခြေခံအကျဆုံး)
ဒီဝါကျကတော့ ဆရာတို့ နေ့စဉ်သုံးနေကျ အရှင်းဆုံးနဲ့ အရိုးရှင်းဆုံး အငြင်းဝါကျ ဖြစ်ပါတယ်။
"သူက တောင်ပေါ်ကနေ အောက်မဆင်းတတ်ဘူး ဖြစ်နေတယ်။" (ဆင်းရမယ့်လမ်းကို မသိခြင်း)
"ကြောင်လေးက အမိုးပေါ်ရောက်သွားပြီး ပြန် အောက်မဆင်းတတ်ဘူး ဖြစ်နေလို့ ကယ်ပေးကြပါဦး။"
အောက်ဆင်းမတတ်ဘူး
"အောက်ဆင်း" ဆိုသူ (ကျား-မ မသိ) သည်
- စာကို မှန်အောင်မရေးတတ်။
-သစ်ပင် မတတ်ကတတ်။
- ထမင်း မချက်တတ်။
ယခုခေတ်မှာ လူအမည်၊ ကုန်အမည်တွေကို ဆန်းအောင်ပေးလေ့ရှိတယ်။
အရင်တုန်းကတော့ ဆောင်ဆန်း၊ အောင်သန်း စသည်။
'မ' ကိုရောထားလွဲပြီး ပြောနေတာတွေ
- နေ့တိုင်းကြားရတယ်။
- ဖေ့စ်ဘွတ်မှာ နာရီတိုင်း ဖတ်နေရတယ်။
နောက်တချက် မှတ်ရန်
'အောက် မဆင်းတတ်ဘူး' လို့ 'အောက်' နဲ့ 'မဆင်း' ကြား ခြားပြီး အသံထွက်ရမယ်။
'အောက်ဆင်း' လို့ အမည်ပေးထားရင် 'အောက်' နဲ့ 'ဆင်း' ဆက်ပြီး အသံထွက်ရမယ်။
'တတ်' နဲ့ 'တက်' မှားရေးနေကြတာတွေကိုလည်း ဖေ့စ်ဘွတ်မှာ မတွေ့ရတဲ့နေ့ မရှိ။
စာကို မှန်အောင် မရေးတတ်သော်လည်း အတန်းတက်ပေး၊ ဂုဏ်ထူးပေးတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment