(မောင်လေးအောင်)
တလှေထဲစီးမယ့်ရဲ
ရေကြီးလဲ ကြီးပါစေ
လေဆိုးလဲ ဆိုးပါစေ
ကျောက်ဆောင်ဆို မြှောက်ဘောင်ပေါ်ကံပါလို့
မကြောက်တေပေါင် ညီတို့ရေတဲ့
ဒို့တတွေ လှော်ကာယက်မယ်
မြစ်ဝက်ကိုလေး။
ခါတရံရယ်က
သာအသံ တေးအချိုပေါ့
ဟေး-ဒို့အကို ဆိုကာဟစ်ခဲ့တယ်
ချစ်စရာတေး။
အို-ခုများ
သူ့အားအင် လျော့ခွေနွမ်းလေသလား
သူ့စကားပင် သော့သွေသွမ်းလေသလား
"ဒို့လမ်း" မှာ သူမပါချင်ဘု
သူခွာကြဉ် ခြေရာပျောက်လေတော့
ပုခက်ပင် အကိုတယောက်ရယ်ဖြင့်
စခန်းထောက် ပန်းအရောက်နီးပါမှ
(အကိုကြီးရေ) လမ်းပျောက်လို့ပြေး။ ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment