(ပလား ပလဲ)
ဆရာခင်ဗျ အပြောစလုံး(စာလုံး)မှာ " ပလား ၊ ပလဲ " လို့ သုံးတာနဲ့ "ပြီးပြီလား၊ ပြီးပြီလဲ" လို့ သုံးတာ ဘယ်စာလုံးက ပိုမှန်သလဲခင်ဗျ။
ပို့ပေးတဲ့စာ ၂ ခုက ပေါ်လစီသတ်ပုံခေတ်က ဖြစ်ပါတယ်။ တစ်ခေတ်ရောက်ပြီ။ မူရင်းစာကို မတွေ့ဘူးသေးပါ။
စကားပြောသလိုစာရေးနည်းက အတော်တွင်ကျယ်လာနေပြီ။
စကားပြောသလိုစာရေးနည်းက ဖတ်ရတာ ပိုပြီးချောမွေ့တာတော့ မှန်ပါတယ်။
သတ်ပုံတွေလည်း ပြောင်းလာတယ်။
ရယ် - ရီ
လည်း - လဲ
စံကိုက်သတ်ပုံတွေ ပျက်ကုန်တယ်။
စကားပြောသလိုအတိုင်း အတိအကျ စာရေးလို့မရသင့်ပါ။
ဥပမာ
စားပြီးပြီလား - စားပီး ဗဘား (စားပီ ဗလား)
အကြီးကြီး - အကျီးဂျီး။
လာခဲ့ - လာဂဲ့။
လား = အမေးသဘော သက်ရောက်သော ဝါကျအဆုံးသတ် စကားလုံး။
ကြောင်းတူသံကွဲများ = နည်း, လော, လဲ, သနည်း
အတူတူဖြစ်ကြောင်းမှာပါ လဲ သုံးတာတွေရှိတယ်။
သူလည်းလေ လောကီသားပေမို့
သူလဲလေ လောကီသားပေမို့
မေးခွန်းမှာတော့ လဲ သာဖြစ်သင့်ပါတယ်။
AI
စကားပြောသလို စာရေးခြင်း၏ အားနည်းချက်များ
စကားပြောသဏ္ဌာန် ရေးသားခြင်းသည် ဖတ်ရသည်မှာ ချောမွေ့ပြေပြစ်သည်ဟု ထင်ရသော်လည်း ရေရှည်တွင် အောက်ပါ အားနည်းချက်ကြီးများကို ဖြစ်ပေါ်စေပါသည်။
စံကိုက်သတ်ပုံ (Standard Orthography) များ ပျက်စီးခြင်း: ဆရာကြီး ထောက်ပြသကဲ့သို့ "ရယ် → ရီ"၊ "လည်း → လဲ" ဟု ပြောင်းလဲရေးသားရာမှတဆင့် ခိုင်မာသည့် စာပေအခြေခံ သတ်ပုံများ တဖြည်းဖြည်း ပျက်သုဉ်းလာရုံမက၊ "စားပြီးပြီလား → စားပီးဗလား"၊ "အကြီးကြီး → အကျီးဂျီး" စသည်ဖြင့် အသံထွက်အတိုင်း လိုက်ရေးပါက စာပေ၏ တည်ငြိမ်မှု ကင်းမဲ့သွားနိုင်ပါသည်။
စကားသံ၏ မရေရာမှုနှင့် စာလုံးပေါင်း ရှုပ်ထွေးမှု: လူတစ်ဦးနှင့်တစ်ဦး၊ ဒေသတစ်ခုနှင့်တစ်ခု အသံထွက်ပုံချင်း မတူညီကြသဖြင့် အသံထွက်အတိုင်း စာလိုက်ရေးပါက စာလုံးပေါင်းမူကွဲများ အလွန်အမင်း များပြားလာပြီး စာဖတ်သူကို ဝေခွဲမရ ဖြစ်စေပါသည်။
စာပေ၏ လေးနက်တည်ကြည်မှု ယုတ်လျော့ခြင်း: သမိုင်းဝင်မှတ်တမ်းများ၊ ဆေးပညာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ကျမ်းစာများ၊ လေးနက်သည့် စာပေခိုင်ခိုင်မာမာများတွင် စကားပြောအသုံးအနှုန်းများသည် တရားဝင်မှုနှင့် တည်ကြည်မှုကို မဖော်ဆောင်နိုင်ပါ။
ခေတ်စနစ်ပြောင်းလဲမှုဒဏ်ကို မခံနိုင်ခြင်း: စကားပြောဆိုမှုပုံစံသည် အချိန်ကာလ (ပေါ်လစီခေတ်စနစ်) အလိုက် အလွန်ပြောင်းလဲလွယ်သဖြင့်၊ စကားပြောအတိုင်း ရေးထားသည့်စာများသည် နောင်ခေတ်လူငယ်များအဖို့ နားလည်ရ ခက်ခဲသွားနိုင်ပါသည်။
ကျွန်တော့်မှတ်ချက်
နမူနာစာထဲမှာ အထင်ကရစာရေးဆရာကြီးတွေအမည်တွေ ပါနေပေမဲ့ သဘောမတူပါ။
စဉ်းစာပီးပလား လို့ ပြောဆိုလေ့ မရှိပါ။ ဘလား သံထွက်ပါတယ်။
ပြီးပလဲသံလည်း မထွက်ပါ။ ပြီးပြီလဲလို့သာ ထွက်ပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment