Skip to main content

ချစ်ဒုက္ခ မြန်မာစာဒုက္ခ မြန်မာပြည်ဒုက္ခ

ရေး — ပြည်သိန်းနွယ်

ဆို — ဦးဘညွန့်

(ဖူးစာကံအကြောင်းရယ်၊ ချစ်ဒုက္ခဖန်လာတယ်။ ခင်ရယ်ချစ်ရက်သားနဲ့ တဖက်သားရူးအောင် ပြုရက်လေတယ်။ ခင်သဘောကို ဖွင့်ပြောလို့ကွယ်၊ ချစ်တဲ့အရေးကို စေ့စေ့တွေးသင့်တယ်) ၂၊၊ ထာဝစဉ်ငေးမှိုင်လို့ရယ် ခွဲရသူ မျှော်ကာ လွမ်းပါပေါ့ ခြိမ်းခြွေလို့ရယ်၊ တမ်းတမိတယ်။ ခြေမဆည်နိုင်ဘွယ်၊ ခင်ခင်ရယ် နေနိုင်ရက်တယ်။ ချစ်ဒုက္ခဖြင့် ဖိစီးပြီကွယ်။

ခင်ရယ် မောင့်စိတ်ထဲ တဖက်သတ်လို့၊ ပူပုံပွားတယ်။ သနားပါကွယ် အသဲစွဲချစ်မိတယ်။ ရှေးဖူးစာနတ်ရယ်၊ ရေးမှရေးတတ်တယ်။ တပါးမေရယ်၊ တကယ်မုန်းရင် အဆုံးစီရင်တော့ကွယ်။

မရွှင်နိုင်တယ် ချစ်ရတဲ့သူမှာခင်ရယ်၊ မျှော်မှန်းလို့ကွယ် နော်ရမ်းလို့တကယ်၊ အတွေးနယ်ချဲ့ပြီကွယ်၊ အသဲကျွမ်းမယ့် ဝေဒနာ ထင်တယ်။ ခွဲလမ်းလို့သေမှာခင်ရယ်၊ မျက်လုံးထဲကမထွက်တယ်၊ အသဲထဲမှာစွဲကပ်နေပြီကွယ်၊ ခင်ရယ်ဒုက္ခအပေါင်းဝယ် ချစ်ဒုက္ခက ပိုဆိုးပါတယ်၊၊

(ခင်အပေါ်ဝယ် ချစ်မိသူမှာဖြင့် မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်)၊ လှသူဇာမယ်ကလေးကိုတော့ အစဉ်တကယ် ခင်တွယ်မပြောဘဲနဲ့ဖြင့် သိလောက်ပေတယ် ယုံစမ်းပါ ဘုန်းမောင့်သက် လွယ်ရွယ် စွဲသူရယ် ညှာတာထောက်ထား မောင့်ကိုသနားသင့်တယ်။

ခင်ရယ်... ... ... ... ... စီရင်တော့ကွယ်။

မရွှင်နိုင်တယ် ... ... ... ... ... ချစ်ဒုက္ခက ပိုဆိုးပါတယ်။

မက်ဆေ့ချ်တခု =  ဂီတသံချို Page က ဆရာမချယ်ရီဝင်း တင်ထားတဲ့ သီချင်းပါ ဆရာ။ မင်းသားကြီး ဝင်းဦးရဲ့ အဖေ ချစ်ဒုက္ခဦးဘညွန့် ဖြစ်လာတဲ့ သီချင်း ထင်ပါ့။ ‌ဗမာစာလည်း မှန်လို့ ဆရာ့ဆီ ပို့ပါတယ် ခင်ဗျာ။ ကျွန်တော်လည်း ဗမာစာ စာလုံးပေါင်း သတ်ပုံမှန်အောင် လေ့လာပြီး ကြိုးစားရေးပါ ဆရာ။

ကျေးဇူး။

ဟုတ်တယ်။ Cherry နဲ့ သီချင်းစာသားတွေက သတ်ပုံတွေ မူရင်းအတိုင်း မှန်တယ်။

Pho Kyaw လည်း မှန်တယ်။

Lyrincs, Smule, YouTube တွေမှာ မှန်တာ ၁၀% လောက်သာတွေ့ရတယ်။

အဆိုတော်အမည်ကိုလည်း မူရင်းအမည်တွေမသုံး၊ မနေ့တနေ့ကမှ သီချင်းတက်ဆိုသူအမည်တွေထည့်။

ကိုယ်တိုင်ရေးတဲ့သီချင်းမဟုတ်ဘဲ သတ်ပုံကို ထင်သလိုပြင်နေကြတယ်။ 

ကောင်း၊ ရှယ်၊ သာဓုတွေလည်း များပါဘိ။

မြန်မာစာဒုက္ခ နဲ့ မြန်မာပြည်ဒုက္ခ။

မှတ်ရန်သတ်ပုံများ

တဖက်သား (တ ကို စ မသတ်)

ဖိစီးပြီကွယ် (ပီကွယ် မဟုတ်)

တပါးမေရယ် (တ ကို စ မသတ်)

တကယ်မုန်းရင် (တ ကို စ မသတ်)

တဖက်သတ်လို့ (တ ကို စ မသတ်)

အတွေးနယ်ချဲ့ပြီကွယ် (ပီကွယ် မဟုတ်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ