Skip to main content

အန္တရာယ်လို့ ရေးရတယ်


- အသက်အန္ဒရယ်နဲ့နီးတာပါ

အန္တရာယ်လို့ ရေးရတယ်။

အန္တရကပ် - န / အန်ဒရကတ် / ဆုတ်ကပ် တက်ကပ် နှစ်ခုပေါင်း ကာလအပိုင်းအခြား။ [ပါ]

အန္တရာယ် - န / အန်ဒယယ် / အန်ဒရယ် / ၁။ ဘေးရန်။

“အသက်အန္တရာယ် စည်းစိမ်တော်၏။” ဇာတ်။ ၈။ ၂။ အနှောင့်အယှက်။ အဖျက်အဆီး။ အတားအဆီး။ “မိုဃ်းတိမ်တိုက်သည် နေ၏ အန္တရာယ်ဖြစ်၏။” မိလိန္ဒ။ ၄၆၂။ [ပါ]

အန္တရာယ်ကင်း - နဝိ / အန်ဒယယ်ဂင်း / ၁။ ဘေးရန်၊ အနှောင့်အယှက်၊ အဖျက်အဆီးစသည်တို့မှ လွတ်မြောက်စေသော။ “အန္တရာယ်ကင်း ပရိတ်နာ၍ ချမ်းသာစွာနေပါ။” မှိုင်း။ ပ။ ၄၅။ ၂။ ဘေးရန်၊ အနှောင့်အယှက်၊ အဖျက်အဆီး စသည်တို့မှ လွတ်မြောက်စေရန် ရည်ရွယ်သော။

န / အန်ဒယယ်ဂင်း / ဘေးရန်၊ အနှောင့်အယှက်၊ အဖျက်အဆီး စသည်တို့မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ပြုလုပ်သော ဆွမ်းကျွေးခြင်း စသည်။

အန္တပိတ် - ကြိ / အန်ဒါပိတ် / အခိုးအနံ့စသည်တို့ အပြင်သို့ မထွက်စေရန် အိုးစသည်ကို အလုံပိတ်သည်။ “အိုးသစ်တွင် ထည့်၍ အန္တပိတ်ပြီး။ စပါးတည်းတွင်။ ခုနစ်ရက်မြှုပ်ထား။” ကုထုံး။ ၁၃၇။

အန္တေဝါသိက - န / အန်ဒေဝါသိက / တပည့်ရင်း။ လက်သုံးတပည့်။ “စားတော်ဝန်၏ အန္တေဝါသိက ငါခံရမူ။” ကုသ* ၃၃၈။ [ပါ]

အန္တောဂဓဝင် - ကြိ / အန်ဒေါဂဓဝင် / အကျုံး ဝင်သည်။ “ပါရမီဟူသော စကား၌ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်စလုံး အန္တောဂဓဝင်ပေသည်။”

အန္တောဝီထိ - န / အန်ဒေါဝီထိ / အတွင်းလမ်း - န၊ နှင့် အတူတူ။ [ပါ]

အဆင့်ပါစာလုံးများ

ကန္တာရ

ကျွမ်းသန္တာလန်အောင်ဆော့သည်

ကရဏီကဏ္ဏ

ကိုယ်ခန္ဓာ

ခန္တီတရား

ခန္ဓာငါးပါး

ခန္ဓာဝန်

ဂန္ထန္တရ

ဂန္ထဝင်

ဂန္ဓဗ္ဗနတ်

ဂန္ဓမာဒနတောင်

ဂန္ဓမာပန်း

ဂန္ဓာရုံ

စန္ဒကုမာရဇာတ်

စန္ဒကူးပင်

စန္ဒရား

စန္ဒာ

စိတ်သန္တာန်

နန္ဒမူလိုဏ်

နန္ဒဝန်ဥယျာဉ်

ပုဏ္ဏား

ပုဏ္ဏေးမ

ဘဏ္ဍာစိုး

ဘဏ္ဍာရေး

မဏိကဏ္ဌ

မန္တန်

မန္တရား

မန္တလေးတိုင်း

ယန္တရား

လိုအင်ဆန္ဒ

ဝဏ္ဏဗောဓနသတ်အင်း

သဏ္ဌာန်(ပုံ)

သန္တာကျောက်

သန္ဓေယူကာ ဆယ်လကြာသော်

သန္နိဋ္ဌာန်

သန္နိပါတ်နာ

အန္တရကပ်

အန္တရာယ်

အန္တေဝါသိက

အန္တောဝီထိ

အန္ဒဂူကျောက်

အန္ဓပုဂ္ဂိုလ်

ဥတ္တရဘရဂုဏ္ဏီ

(အများကြီး ရှိသေးတယ်။)

စကားထာနဲ့ ပဟေဠိများကို ပြောပြကြတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_239.html

ပဌမ နှင့် ပထမ https://dr-tint-swe.blogspot.com/2021/05/blog-post_77.html

အဆင့်ပါစာလုံးများ https://dr-tint-swe.blogspot.com/2021/12/blog-post_120.html

အန္တရာယ် https://dr-tint-swe.blogspot.com/2021/12/blog-post_450.html

အဓိဋ္ဌာန် သန္နိဋ္ဌာန် https://dr-tint-swe.blogspot.com/2022/02/blog-post_264.html

ဋ္ဌ နဲ့ ဠ မှားရေးထားတယ် https://dr-tint-swe.blogspot.com/2022/08/blog-post_266.html

တိရစ္ဆာန - တိရစ္ဆာန် https://burmese-spelling.blogspot.com/2023/02/blog-post_281.html

ကရုဏာလို့ ရေးရ https://burmese-spelling.blogspot.com/2022/08/blog-post_283.html

မဂ် = မဂ္ဂ https://burmese-spelling.blogspot.com/2024/03/blog-post_181.html

အနာဂတ် အိပ်မက် https://burmese-spelling.blogspot.com/2023/04/blog-post_681.html

ဒဏ် ဒန် ဒံ ဓါန် ဓံ https://burmese-spelling.blogspot.com/2022/12/blog-post_47.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ