Skip to main content

ဆဒ္ဒန်ဆင်မင်း အဆက်

ကျွန်တော်တို့ ၁၉၆၄-၆၅ ဆယ်တန်းမှာ သင်ရတဲ့စာအုပ်ဖြစ်ပါတယ်။ သတ်ပုံတွေ မှန်တဲ့ခေတ်က ဖြစ်တယ်။ 

၁၉၈၇-၁၉၉၁ မှာ သတ်ပုံတွေကို ကမောက်ကမလုပ်ကတည်းက 

တချို့က စူဠသုဘဒ္ဒါကို မှန်အောင်မရေးတတ်ကြပါ။ ဠ နဲ့ ဋ္ဌ မှားရေးနေကြတယ်။ 

မနေ့က သက်သေခံပစ္စည်းတခု တင်ပြပါတယ်။ စူဋ္ဌသောတာပန်တဲ့။

ဦးပုညဝတ္ထုလေးပုဒ် အမှာစာ

မုဆိုးသည်လည်း ဗာရာဏသီသို့ပြန်၍ စွယ်တော်ကို သုဘဒ္ဒါမိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါမှ သုဘဒ္ဒါမိဘုရားသည် ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား အကြောင်းများကို မထားမချန်၊ စေ့စုံစွာ ပြန်သည်တွင်၊ ဗိမာန်နန်းဖွား၊ သုဘဒ္ဒါမိဖုရားလည်း၊ စကားရှေ့နောက်၊ ပြန်လှန်ကာထောက် လတ်သော်၊ နောက်နောက်ကျိကျိ နှလုံးတော်ရှိလှ၍၊ မဏိချယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက် ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက်ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြစိုင်ပညောင်၊ ရွှေကူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ် ဖောက်လဲ၊ ဗာရာမင့် လည်ဆွဲသည်၊ ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏။   ။

ဦးပုည ဆဒ္ဒန်ဆင်မင်းဝတ္ထုကို အမျိုးမျိုးကိုးကားကြတယ်။ မူရင်းစာသားနဲ့ သတ်ပုံမှန်တာ ရှားတယ်။ 

၁။ ဆဒ္ဒါန်ဆင်မင်း - မှား။

၂။ ဆန္ဒန် - မှား။

၃။ ဆန္ဒာန် - မှား။

၄။ ဆဒ္ဒာန်ဆင်မင်း - မှား။

၅။ အလွယ်တစ်ကူ - မှား။

၆။ တစ်ခုခု၌ - မှား။

၇။ လကျာ်တော်လေအောက်က - မှား။

၈။ ခုနှစ်နှစ်၊ ခုနှစ်လ၊ ခုနှစ်ရက်ကြာမှ - မှား။

၉။ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး - မှား။ 

၁၀။ တစ်စိမ့်စိမ့်အောက်မေ့၍ - မှား။ 

၁၁။ တစ်ငွေ့ငွေ့ဆင်ခြင် - မှား။

မြန်မာစာလည်း အစွယ်တော် ဖြတ်ခံထားရရှာတယ်။ ဝမ်းနည်းသူ မရှိတကား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ