လက်တွေ့လည်း ရှိတယ်။
ဆေးရုံကြီးတွေရှေ့ နောက်နားမှာ လူနာအတွက် စားစရာ၊ သုံးစွဲစရာတွေ ရောင်းကြလေ့ရှိတယ်။
ဝယ်တဲ့သူတွေလည်း လွယ်လို့ ဝယ်ကြရတယ်။
ရောင်းကုန်တွေကတော့ အရည်အသွေး မကောင်းပါ။
ဈေးကွက်တွက် ရောင်းကြတာ။
ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်တွေမှာလည်း လက်ဖက်ရည် ညံ့လေ့ရှိတယ်။
မန္တလေးဆေးကျောင်းသားဘဝ အတွေ့အကြုံအရ တင်ပြတာ။
အခုတော့ မားကက်တင်းပညာရပ်ပေါ်လာပြီ။
ဈေးဝယ်သူတွေရဲ့ အားနည်းချက်တွေကို သုတေသနလုပ်ပြီး ပို့ချပေးကြတယ်။
သုတေသနဆိုတာ တချို့ကလည်း ပိုက်ဆဲရှာနည်းအတွက် သုံးကြပါတယ်။
ဆေးသုတေသနသစ်တခုပေါ်ရင် မီလီယန်နာ ဖြစ်တယ်။
ဆေးသစ်အမည်တွေ တင်ပြထားပါတယ်။
နောက်တမျိုး
ဆိုရှယ်မီဒီယာမှာ လူတွေရဲ့ အားနည်းချက်တွေကို မေးနေစရာမလို ရက်ရောရော လူပုံတွေ၊ ဖုန်းနံပတ်တွေနဲ့ အားနည်းချက်ရှိသူတွေက အခမဲ့ ကြော်ငြာနေကြတယ်။
ဟိုင်း လိုက်ရင် သူတို့က အဟုတ်မှတ်ပြီးသကာလ ပျော်နေကြတယ်။
ရောင်းချင်တာ ရောင်း၊ တောင်းချင်တာ တောင်းပေတော့။
အထူးသဖြင့် မြန်မာလို စာရေးနေသူတွေပေါ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment