Skip to main content

သတို့သ္မီး အလိုရှိသည်


(၁)

ရုပ်ရှင်ကြည့်တာ ပျော်ချင်လို့ ကြည့်တာဟေ့

ဆိုသော

လူတန်းစား ပေါင်းစုံတို့ ကြည့်ရှုရင်း

ကျေနပ်မှုအပြည့်အဝ ရရှိစေမည့်

သတို့သ္မီး အလိုရှိသည်

ဟာသဇာတ်မြူး

စာရေးဆရာ ဇဝန၏

နာမည်ကျော်ဝတ္ထုကောင်းတပုဒ်အား

ဒါရိုက်တာ မင်းသား သိန်းဇော်က

အသက်သွင်းပြီး

တကားထက်တကား တိုးတက်လာသော

ကြည့်စမ်း

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏သား

မင်းသားသစ် မောင်ညွန့်ဝင်း

သဘာဝကျကျ သရုပ်ဆောင်နိုင်သည့်

အောင်တင်

တိုးတက်နေသော

ပြည်ထောင်စုမယ် ခင်သန်းနု

ဘေဘီနွဲ့၊ မင်းသမီးသစ် အေးအေးသင်း

ကြွယ်နီ၊ မစိန်ခင်တို့နှင့် မြဇော်အဖွဲ့သားများ

လူစုံတက်စုံနှင့် ဟာသပွဲကြီး ဆင်နေပါပြီ။

(၂)

ရုပ်ရှင်ကြည့်တာ ပျော်ချင်လို့ ကြည့်တာဟေ့

ဆိုသော

လူတန်းစား ပေါင်းစုံတို့ ကြည့်ရှုရင်း

ကျေနပ်မှုအပြည့်အဝ ရရှိစေမည့်

သတို့သ္မီး အလိုရှိသည်

ဟာသဇာတ်မြူး

စာရေးဆရာ ဇဝန၏

နာမည်ကျော်ဝတ္ထုကောင်းတပုဒ်အား

ဒါရိုက်တာ မင်းသား သိန်းဇော်က

အသက်သွင်းပြီး

တကားထက်တကား တိုးတက်လာသော

ကြည့်စမ်း

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏သား

မင်းသားသစ် မောင်ညွန့်ဝင်း

သဘာဝကျကျ သရုပ်ဆောင်နိုင်သည့်

အောင်တင်

တိုးတက်နေသော

ပြည်ထောင်စုမယ် ခင်သန်းနု

ဘေဘီနွဲ့၊ မင်းသမီးသစ် အေးအေးသင်း

ကြွယ်နီ၊ မစိန်ခင်တို့နှင့် မြဇော်အဖွဲ့သားများ

လူစုံတက်စုံနှင့် ဟာသပွဲကြီး ဆင်နေပါပြီ။

(ရုပ်ရှင်ပိုစတာအတွင်းရှိ စာသားများ)

ညွန့်ဝင်း

မြဇော်အဖွဲ့

ဇဝန ဝတ္ထု

ဒါရိုက်တာအဖြစ် သရုပ်ပြသိန်းဇော်

ဘေဘီနွဲ့

ခင်သန်းနု

အေးအေးသင်း

သတို့သ္မီး အလိုရှိသည်

ဟာသဇာတ်မြူး

ဩဂုတ်လ ၃၀ ရက်နေ့တွင်

နေပြည်တော်ရုံ

ရတနာပုံရုံ

ဘုရင့်နောင်ရုံ

မြောက်ဥက္ကလာပ မင်းရန်အောင်ရုံကြီး ၄ ရုံတွင်

တပြိုင်တည်း ပြနေပါပြီ

အခုခေတ်မှာ မှန်အောင်မရေးတတ်ကြသည့် 

မှတ်ရန် စာလုံးပေါင်းသတ်ပုံမှား

သ္မီး (မူကွဲ)

တကားထက်တကား 

ဝတ္ထုကောင်းတပုဒ်

တပြိုင်တည်း 

ပြနေပါပြီ

(ပုံ ပို့ပေးသူ ကျေးဇူး။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ