Skip to main content

ချင်းတွင်းမြစ်

မုံရွာမြို့ကိုဖြတ်စီးနေတဲ့ ချင်းတွင်းမြစ်မှာ ရေတက်နေသတဲ့။ နှစ်စဉ်ဖြစ်ပါတယ်။ တချို့နှစ်တွေမှာ အရေးပေါ်ကြိုတင်မှုတွေ လုပ်ကြရတယ်။

အနောက်ဖက်ကမ်းမှာ လှမ်းမြင်ရတဲ့ လက်ပန်းတောင်၊ ကြေးစင်တောင်တွေ နိမ့်နိမ့်သွားပေပြီ။

(၁)

"သပြေသီးကောက်" 

ဝါဆိုဝါခေါင် ရေတွေကြီးလို့

သပြေသီးမှဲ့ ကောက်စို့ကွယ်။

ခရာဆူးချုံ ဟိုအထဲက

မျှော့နက်မဲကြီး တွယ်တတ်တယ်။

မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့

မြွေနဂါးတောင် ကြောက်ဘူးကွယ်။

တို့လဲကြောက်ပေါင် အတူသွားစို့

အုန်းလက် နွားလေး ထားခဲ့မယ်။

သွားကွယ် သွားကွယ်။   ။ (မင်းသုဝဏ်)

မူရင်းကဗျာမှာ မဲ လို့သာ  ရေးပါတယ်။

(၂)

ဝါခေါင်လတွင်ရွာသောမိုး

ဝါခေါင်လ၌ အထက်အညာတွင် တခါတရံမှသာ မိုးရွာတတ်သည်။ ရွာသည့်အခါတွင်လည်း ဖွဲဖွဲကလေးသာ ရွာတတ်သည်။ ဒါ့ကြောင့် တောင်သူဦးကြီးများက ဝါခေါင်တကြောင်း ထနောင်းကြောင်ချစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်းဟု ဆိုကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင်တော့ မိုးက ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း ရေတွေကြီးလို့ သပြေသီးတောင် ကောက်ကြနေ တော့သည်။

(၃)

ဝါခေါင်တကြောင်း ထန်နောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း။

(၄)

ဝါဆို ဝါခေါင် ပျိုးခင်းထောင်။

(၅)

မြန်မာအဘိဓာန် အကျဉ်းချုပ်

စာလုံးပေါင်း - အသံထွက်

ရေကြောင်း - ယေဂျောင်း

ရေကန် - ယေဂန်

ရေကြက် - ယေဂျက်

ရေကျက်အေး - ယေဂျက်အေး

ရေကြီး - ယေကျီး

ရေစာ - ယေဇာ

ရေစက် - ယေဇက်

ရေစက်ချ - ယေဇက်ချာ့

ဝါဆိုဝါခေါင် ရေဖောင်ဖောင်၊ ရေသာများ၍ ငါးမတွေ့။

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ