Skip to main content

တဖြည်းဖြည်း ဆုတ်ယုတ်

မေးခွန်းတခု = တဖြည်းဖြည်းဆုတ်ယုတ်နေတယ်လို့ရေးရင်သတ်ပုံမှန်ပါသလား

ပြန်စာ

"တဖြည်းဖြည်းဆုတ်ယုတ်နေတယ်" လို့ ရေးသားခြင်းဟာ သတ်ပုံမှန်ကန်ပါတယ်။

ဆုတ်ယုတ် — အင်အား၊ အခြေအနေ စသည်တို့ လျော့ပါးကျဆင်းသွားခြင်းကို ဆိုလိုသည့်အတွက် စောက်ထိုးအဓိပ္ပာယ်ဆောင်သော "ဆုတ်" (ဆုတ်ကပ်၊ ဆုတ်ယုတ်) ကို "စ" လုံး၊ "ဟု" ထိုး၊ "တ" သတ် ဖြင့် မှန်ကန်စွာ သုံးစွဲထားပါသည်။ (ရှေ့သို့တိုးခြင်း၊ နောက်သို့ဆုတ်ခြင်းတွင် သုံးသည့် "ဆုတ်" ဖြစ်ပါသည်။)

ယုတ် — အရည်အချင်း သို့မဟုတ် တန်ဖိုး နိမ့်ကျသွားခြင်း ဖြစ်သဖြင့် "ယ" ပက်လက်၊ "ု" "တစ်"ချောင်းငင်၊ "တ" သတ် ဖြင့် စာလုံးပေါင်း မှန်ကန်ပါသည်။

တဖြည်းဖြည်းကို မှန်အောင်မရေးတတ်ကြာသူများ (နမူနာမျှသာ)

- "တစ်"ဖြည်းဖြည်း အချိုးတွေပြောင်းလာတယ် 

- "တစ်"နေ့ထက် "တစ်"နေ့ / "တစ်"ဖြည်းဖြည်းချင်း အင်္ဂလိပ်လိုဘယ်လိုပြောရလဲ

- "တစ်"ဖြည်းဖြည်း အားနာလာတယ် သူ့အတွက် ဘာမှ မဟုတ်တာလေးတွေက ကျွန်တော့် အတွက် ဘဝဖြစ်နေတဲ့ အခါ

- "တစ်"ဖြည်းဖြည်း အချိုးတွေ ပြောင်းလာတယ်.. "တစ်"မျိုးပြီ "တစ်"မျိုးနင်အကြောင့်ပြ

- "တစ်"ဖြည်းဖြည်းနဲ့ ကိုကြီး အရွယ်ကနေ ...

- "တစ်"ဖြည်းဖြည်းနဲ့ သွေးအေးသွားမှာပါ ...

ကောက်ချက်

•  တဖြည်းဖြည်း ("တစ်ဖြည်းဖြည်း" မဟုတ်)

•  တနေ့ထက်တနေ့ ("တစ်နေ့ထက်တစ်နေ့" မဟုတ်)

•  တမျိုးပြီးတမျိုး ("တစ်မျိုးပြီးတစ်မျိုး" မဟုတ်)

မြန်မာစာအရေးအသားနှင့် အပြောအဆိုသည် တဖြည်းဖြည်းမဟုတ်၊ လျင်မြန်စွာ ဆုတ်ယုတ်လာနေပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ