အဲလိုထင်တာ၊ ပြောတာ မမှန်ပါ။
ရုတ် ရုပ် ယုတ် သတ်ပုံစာ တင်ပြထားပါတယ်။ တင်လို့ရပါတယ်။
ယုတ်
ယုတ်¹ – နဝိ / ယုတ် / ၁၊ လျော့သော။ မပြည့်သော။ လိုသော။ “တရာပြည့်လတ်၊ တယောက်ယုတ်ဖြင့်၊ ရတ်ရတ်သဲသဲ၊ တပွဲတပြင်။” သံ* ၁၂၂။ ၂၊ နိမ့်ကျသော။ ညံ့ဖျင်းသော။ “မိမိထက်မြတ်သောသူ၊ တူသောသူ၊ ယုတ်သောသူတို့၌လည်း။” ကလျာ။ ၉၈။
ယုတ်² – နဝိ / ယုတ် / အကျင့်ဆိုးသွမ်းသော။ “ယုတ်သောသူနှင့် မပေါင်းရာ။”
ယုတ်ကန်း – နဝိ / ယုတ်ကန်း / ၁၊ မိုက်မဲ ဆိုးသွမ်းသော။ ၂၊ အကျင့်စာရိတ္တညံ့ဖျင်းသော။
ယုတ်စွအဆုံး – ကြိဝိ / ယုတ်စွအဆုန်း / အနည်းဆုံး၊ အနိမ့်ဆုံး အားဖြင့်။
ရုတ် ရုပ် ယုတ် https://burmese-spelling.blogspot.com/2022/10/blog-post_81.html
ရုပ် ရုတ် ယုတ် ရုတ်ခြည်း ဖြုတ်ချည်း https://burmese-spelling.blogspot.com/2022/09/blog-post_88.html
ရုတ် ရုပ် ယုတ် https://burmese-spelling.blogspot.com/2025/05/blog-post_480.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment