ပြန်စာ
သံဇဉ် ဆိုတာ ဘာလဲ။
သံယောဇဉ်တလုံးတည်းမှာသာ ဇဉ် ရှိတယ်။
သီချင်းသံစဉ်လို့တော့ ရှိတယ်။
စာအမျိုးမျိုး (အက္ခရာစဉ်အလိုက်)
- ကဗျာ (Poetry): ကာရန်၊ နရီ၊ ဝါကျဖွဲ့ထုံးများဖြင့် စိတ်ကူးစိတ်သန်းနှင့် ခံစားချက်ကို လှပစွာ ဖော်ကျူးထားသောစာ။
- ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (Autobiography): မိမိဘဝအကြောင်းကို မိမိကိုယ်တိုင် ပြန်လည်မှတ်တမ်းတင် ရေးသားသောစာ။
- ကျမ်းစာ (Scripture): ဟောကြားတော်မူခဲ့သည့် တရားတော်များနှင့် သီလ၊ ဝိနည်း၊ ပရမတ်တရားများကို စနစ်တကျ စီရင်ထားသောစာ။
- ကျမ်းစာ / ဘွဲ့ယူကျမ်း (Thesis / Dissertation): တက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတခုခုအတွက် အဆင့်မြင့်ပညာရပ်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို စနစ်တကျ ပြုစုထားသောစာ။
- ကြော်ငြာစာ (Advertisement / Copywriting): ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတခုခုကို လူသိများလာစေရန် ဆွဲဆောင်စည်းရုံးရေးသားသောစာ။
- ဂုဏ်ပြုသဝဏ်လွှာ (Congratulatory Message): အောင်မြင်မှု၊ နှစ်ပတ်လည်နေ့များအတွက် ဂုဏ်ပြုချီးကျူးသောစာ။
- ဆောင်းပါး
- စာစီစာကုံး
- ဇာတ်ညွှန်း / ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ညွှန်း (Script / Screenplay): မင်းသား၊ မင်းသမီးများနှင့် ဇာတ်ဆောင်များ ပြောဆိုရမည့် စကားပြောနှင့် သရုပ်ဆောင်ရမည့် အမူအရာများကို လမ်းညွှန်ချက်အဖြစ် ရေးသားထားသောစာ။
- တရားစီရင်ချက်
- ဓမ္မကထိက / တရားစာ: ဗုဒ္ဓတရားတော်များကို လူအများ နာယူမှတ်သားရလွယ်ကူအောင် ရှင်းလင်းဖွင့်ဆို ရေးသားထားသောစာ။
- ပုဒ်မများ
- ပေးစာ
- ပျို့၊ လင်္ကာ၊ ဧချင်း၊ အိုင်ချင်း: ဇာတကငါးရာ့ငါးဆယ်နှင့် ဘုရားဟောတရားတော်များကို ကဗျာလင်္ကာနှော၍ ရေးဖွဲ့ထားသော ရှေးဟောင်းစာပေများ။
- ပြဋ္ဌာန်းစာအုပ် / ဖတ်စာအုပ် (Textbook): ပညာသင်ကြားရေးအတွက် စနစ်တကျ ပြုစုထားသော လမ်းညွှန်စာအုပ်များ။
- ပြန်စာ
- ဖိတ်စာ (Invitation Card): မင်္ဂလာဆောင်၊ အလှူအတန်း၊ နာရေး စသည့် အခမ်းအနားများသို့ တက်ရောက်ရန် လေးစားစွာ ပန်ကြားသောစာ။
- ဖွဲ့စည်းပုံပါစာများ
- မေတ္တာစာ
- မှတ်တမ်းစာပေ (Memoir / Chronicle): သမိုင်းဝင်ဖြစ်ရပ်များ၊ ခရီးသွားမှတ်တမ်းများနှင့် ကိုယ်တွေ့ဖြစ်ရပ်များကို အချက်အလက်ခိုင်မာစွာဖြင့် ရေးသားသောစာ။
- ရုံးစာ
- ရာဇဝင်နှင့် မော်ကွန်းစာများ: မင်းအဆက်ဆက် အဖြစ်အပျက်များနှင့် အောင်ပွဲများကို ကဗျာလင်္ကာ (သို့မဟုတ်) စကားပြေဖြင့် မော်ကွန်းထိုးရေးသားသောစာ。
- ဝတ္ထု
- ဝေဖန်ရေးစာတမ်း (Literary Criticism / Review): စာအုပ်၊ ရုပ်ရှင် သို့မဟုတ် အနုပညာလက်ရာတခုခု၏ ကောင်းကွက်၊ လိုအပ်ချက်ကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ သုံးသပ်ဝေဖန်ထားသောစာ။
- ဝမ်းနည်းကြောင်းသဝဏ်လွှာ (Condolence Message): ကြေကွဲဝမ်းနည်းရသောအထိမ်းအမှတ်အဖြစ် ပေးပို့သောစာ။
- သတင်း
- သရော်စာ
- သဘောတူစာချုပ် (Agreement / Contract): လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအချင်းချင်း ကတိကဝတ်ပြုကြရာတွင် ခိုင်မာစေရန် ရေးသားချုပ်ဆိုသော ဥပဒေဝင်စာ။
- သုတေသနစာတမ်း (Research Paper): ပညာရပ်ဆိုင်ရာ ကိစ္စရပ်တခုကို အချက်အလက်၊ အထောက်အထားများဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာထားသောစာ။
- ဟာသ
- အစီရင်ခံစာ (Report): လုပ်ငန်းခွင်၊ စီမံကိန်း သို့မဟုတ် စုံစမ်းစစ်ဆေးမှုတခု၏ တိုးတက်မှုနှင့် အခြေအနေများကို အထက်လူကြီးထံ အသေးစိတ် တင်ပြသောစာ။
- အတ္ထုပ္ပတ္တိ (Biography): လူပုဂ္ဂိုလ်တဦးဦး၏ ဘဝအကြောင်းကို အခြားသူတဦးက ရေးသားထားသောစာ။
- အမိန့်စာ
ကဏ္ဍအလိုက် စနစ်တကျ ခွဲခြားခြင်း
၁။ သမိုင်းနှင့် မှတ်တမ်းစာပေများ
- အတ္ထုပ္ပတ္တိ (Biography)
- ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (Autobiography)
- မှတ်တမ်းစာပေ (Memoir / Chronicle)
- ရာဇဝင်နှင့် မော်ကွန်းစာများ
၂။ ပညာရပ်ဆိုင်ရာနှင့် သုတေသနစာပေများ
- ကျမ်းစာ / ဘွဲ့ယူကျမ်း (Thesis / Dissertation)
- သုတေသနစာတမ်း (Research Paper)
- ဖတ်စာအုပ် / ပြဋ္ဌာန်းစာအုပ် (Textbook)
၃။ ဘာသာရေးနှင့် တရားဓမ္မစာပေများ
- ကျမ်းစာ (Scripture)
- ဓမ္မကထိက / တရားစာ
- ပျို့၊ လင်္ကာ၊ ဧချင်း၊ အိုင်ချင်း
၄။ စီးပွားရေးနှင့် လုပ်ငန်းသုံးစာများ
- ကြော်ငြာစာ (Advertisement / Copywriting)
- အစီရင်ခံစာ (Report)
- သဘောတူစာချုပ် (Agreement / Contract)
- ရုံးစာ
- အမိန့်စာ
၅။ ဥပဒေနှင့် အုပ်ချုပ်ရေးဆိုင်ရာစာများ
- တရားစီရင်ချက်
- ဖွဲ့စည်းပုံပါ ပုဒ်မများ
၆။ အနုပညာ၊ သတင်းနှင့် ဖျော်ဖြေရေးစာပေများ
- ပြဇာတ် / ရုပ်ရှင်ဇာတ်ညွှန်း (Script / Screenplay)
- ကဗျာ (Poetry)
- ဝေဖန်ရေးစာတမ်း (Literary Criticism / Review)
- ဝတ္ထု
- ဆောင်းပါး
- စာစီစာကုံး
- သတင်း
- သရော်စာ
- ဟာသ
၇။ လူမှုရေးနှင့် ရိုးရာဓလေ့စာများ
- ဖိတ်စာ (Invitation Card)
- ဝမ်းနည်းကြောင်းသဝဏ်လွှာ (Condolence Message)
- ဂုဏ်ပြုသဝဏ်လွှာ (Congratulatory Message)
- ပေးစာ
- ပြန်စာ
- မေတ္တာစာ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment