ဖေ့စ်ဘွတ်မှာတော့ အခုမှ တရုပ်ပြည်ရဲ့ လွှမ်းမိုးမှု၊ စွက်ဖက်မှု၊ နိုင်လိုမင်းထက်ပြုမှုတွေကို ရိုးတိုးရိတ်တိတ်သာ သိလာသူတွေက
တယုတ်လို့ရေးပြီး နိုင်ငံရေးလုပ်နေကြလေရဲ့။
တယုတ်လို့ရေးပြီး ဟီးရိုးလုပ်နေကြလေရဲ့။
သမိုင်းကို မလေ့လာ၊ မြန်မာစာကို မလေ့လာ။
ရိုးတိုးရိတ်တိတ် = အရာဝတ္ထုတခုခု သို့မဟုတ် အဖြစ်အပျက်တခုကို အတိအကျ မဟုတ်ဘဲ ဝိုးတိုးဝါးတား၊ မထင်မရှား၊ အရိပ်အယောင်မျှသာ မြင်တွေ့ရခြင်း၊ သိရှိရခြင်း သို့မဟုတ် ခံစားရခြင်း။
တစွန်းတစ = အနည်းငယ်မျှ။
၁။ ရိုးတိုးရိတ်တိတ်
မရေမရာ၊ ဝေဝါးဝေဝါး၊ သဲသဲကွဲကွဲ မဟုတ်ဘဲ ရေးရေးမျှသာ မြင်ရခြင်း သို့မဟုတ် ကြားရခြင်းကို ဆိုလိုသည်။
"မှောင်ရီပျိုးစအချိန်ဖြစ်၍ လူရိပ်လူခြေကို ရိုးတိုးရိတ်တိတ်သာ မြင်ရတော့သည်" သို့မဟုတ် "ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းကို ရိုးတိုးရိတ်တိတ် ကြားမိသည်" ဟု သုံးစွဲကြသည်။
၂။ တစွန်းတစ
အပြည့်အစုံ မဟုတ်ဘဲ အနည်းငယ်မျှသာ၊ အပိုင်းအစ အနည်းငယ်မျှသာ ဖြစ်ခြင်းကို ဆိုလိုသည်။
"အမှန်တရား၏ တစွန်းတစကိုသာ သိရသေးသည်" သို့မဟုတ် "သူ့အကြောင်းကို တစွန်းတစ မျှဝေပေးပါဦး" ဟု သုံးစွဲလေ့ရှိပါသည်။
မနေ့ကတယောက်က ဖေ့စ်ဘွတ်မှာ ယုတ် လို့ရေးရင် မရဘူးပြောသေးတယ်။ ယုတ်စာလုံးတွေကဖြင့် မိုးမွန်လို့။
မိုးမွန် = မိုးထက်မြတ်သော၊ အထွတ်အထိပ်သို့ ရောက်သော၊ အလွန်တရာ မြင့်မြတ်စွမ်းပြည့်သော။
အဲလိုဘဲ
ကျွန်စနစ်ကို မုန်းလို့ ကျွန်တော်လို့ မရေးကြတဲ့ သူရဲကောင်းတွေလည်း မကြာခဏ ပေါ်ထွန်းလာပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment