- ခေတ်စမ်းစာပေရေးသူ(၈)ဦးပြောပြပေးပါလား
ခေတ်စမ်းစာပေကို ဦးဆောင်လမ်းထွင်ခဲ့ကြသူများ
ဇော်ဂျီ (ဦးသိန်းဟန်)
သိပ္ပံမောင်ဝ (ဦးစိန်တင်)
မင်းသုဝဏ် (ဦးဝန်)
မောင်ထင် (ဦးထင်ဖတ်)
မောင်သုတ (ဗိုလ်မှူးဘသောင်း)
ကုသ (ဦးတိုးအောင်)
ဦးဧမောင် (ပါမောက္ခဦးဧမောင်)
အခြားပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်များ
တက္ကသိုလ်မောင်သန့်စင် (ဦးအုန်းဖေ)
ညိုမြ (ဦးညိုမြ)
မောင်သက်ကြွယ် (ဦးသက်ကြွယ်)
ကလျာ (ဒေါ်လှကြည်)
စာပေလှုပ်ရှားမှုနှင့် အဓိကကျသော စာအုပ်စာတမ်းများ
အစပြုရာကာလ: ၁၉၃၀ ပြည့်လွန်နှစ်များမှစတင်ကာ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်မှ စာဆိုကြီးများက စတင်ဆန်းသစ်ခဲ့ကြခြင်း ဖြစ်ပါသည်။
အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် စာပေများ:
ဂန္တလောကမဂ္ဂဇင်း
ခေတ်စမ်းပုံပြင်များ (၁၉၃၄)
ခေတ်စမ်းကဗျာများ (၁၉၃၄)
ခေတ်စမ်းပုံပြင်များ (၁၉၃၈)
ပထမဦးဆုံး ခေတ်စမ်းကဗျာ: ဆရာဇော်ဂျီ ရေးသားခဲ့သော "ပိတောက်ပန်း" ကဗျာ (၁၉၂၈) ကို ပထမဦးဆုံး ခေတ်စမ်းကဗျာအဖြစ် သမိုင်းဝင် အသိအမှတ်ပြုထားကြပါသည်။
(၂)
ခေတ်စမ်းစာပေသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့၏ အရေးအသား ပုံသဏ္ဌာန် အသစ်တခုမှ ထိုဝေါဟာရထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် စုစည်းထုတ်ဝေခဲ့သော ခေတ်စမ်းပုံပြင်များ စာအုပ်ပါ အရေးအသားပုံစံများကို ခေတ်စမ်းဟု စတင်ခေါ်ဆိုခဲ့သည်။ ထိုစာအုပ်ထုတ်ဝေချိန်တွင် ဆရာကြီးဖေမောင်တင်က အမှာစာရေးပေးခဲ့ပြီး ထိုစာအုပ်ပါ ရသစာပေ
များသည် ခေတ်ကို စမ်းသပ်ထားခြင်း၊ စူးစမ်းထားခြင်းနှင့် မြန်မာရသစာပေ ဖန်တီးမှုကို နည်းလမ်းအသစ်ဖြင့် စမ်းသပ်ချဉ်းကပ်ထားခြင်းကြောင့် ထိုစာပေလက်ရာများကို ခေတ်စမ်းဟု ခေါ်ဆိုခဲ့သည်။ စာအုပ်အမည်ကိုလည်း ခေတ်စမ်းပုံပြင်ဟု ခေါ်ခဲ့သည်။
ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ကုသနှင့် ဧမောင် တို့သည် ဦးဆောင်ပါဝင်ကြသူများ ဖြစ်သည်။ ခေတ်စမ်းစာပေကို လှုပ်ရှားမှုတခုအဖြစ် စတင်ခဲ့ခြင်းမဟုတ်ပါ။ မြန်မာစာပေနှင့် ကမ္ဘာ့စာပေကို တတ်ကျွမ်းနားလည်သည့် လူငယ်စာရေးဆရာများ၏ စမ်းသပ်သောလက်ရာများမှတဆင့် ခေတ်စမ်းစာပေသည် လှုပ်ရှားမှုအသွင်ဖြစ်လာခဲ့ရခြင်းဖြစ်သည်။ စာပေလေ့လာသူ ပညာရှင်များကလည်း ခေတ်စမ်းစာပေကို လှုပ်ရှားမှုတခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုလှုပ်ရှားမှုများကို ပံ့ပိုးခဲ့သည်များတွင် ဂန္ထလောကမဂ္ဂဇင်း၊ ခေတ်စမ်းပုံပြင်များ (၁၉၃၄)၊ ခေတ်စမ်းကဗျာများ (၁၉၃၄)၊ ခေတ်စမ်းပုံပြင်များ (၁၉၃၈) တို့သည် အဓိကကျသောအဓိကကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဆရာဇော်ဂျီ ရေးသားခဲ့သော ပိတောက်ပန်း (ကဗျာ) (၁၉၂၈) ကို ပထမဦးဆုံး ခေတ်စမ်းကဗျာအဖြစ် အသိအမှတ်ပြုထားကြသည်။
(၃)
ခေတ် စမ်း က ဗျာများ- ၁။
ပဌမတွဲ
KHITSAN KABYA
VOLUME l.
တည်းဖြတ်- ဦးဖေမောင်တင်
စာမျက်နှာ- ၉၈
ထုတ်ဝေ- မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း
ပထမအကြိမ်၊ ၁၉၃၄ ခု
ရောင်းဈေး- ၃၀၀၀၀ ကျပ်
ဒီစာအုပ်တွင်ခေတ်စမ်းစာပေပညာရှင် ခေတ်စမ်းစာဆို ၈ဦးတို့၏ ခေတ်စမ်းကဗျာ၊ခေတ်စမ်းစာ ၇၈ပုဒ် ပါဝင်ကာ ထူးခြားသည်မှာ ခေတ်စမ်းစာဆိုများတွင် ရန်ကုန်တက္ကသိုလ်ကျောင်းထွက်များသာပါဝင်သည်ဟု ယူဆထားခြင်း၊ အမျိုးသမီးခေတ်စမ်းစာဆိုစာရင်းဝင်ရှိသည်ဟု ထင်မှတ်မထားခြင်းတို့ ခေတ်စမ်းအကြောင်း ဂဃနဏမသိသူများက ထင်မှတ်ကြပေလိမ့်မည်။ ဒီစာအုပ်တွင် အမျိုးသမီးကဗျာစာဆို မခင်စောမူ ကိုထူးခြားစွာမြင်တွေ့ရမည် ဖြစ်ပေသည်။
ခေတ်စမ်းစာဆိုအဖြစ်လူသိနည်းသော မောင်ညွန့်၊ စောမောင်မောင်တို့၏ ကဗျာများကိုလည်း တွေ့မြင်ခွင့်ရမည် ဖြစ်ပါသည်။
ခေတ်စမ်းကဗျာများ။
အခန်း — ၂
ရေးသူ — မောင်သိန်းဟန်
၁ — ပိတောက်ပန်း။
ပိတောက်ပန်း
မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မှီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပေါ့
ကြွားချင်လှ ပေလိမ့်မယ်။
တသိန် တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ရှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရမယ်
ပန်းပိတောက်များ။
ယူနီဗာစီတီကောလိပ် မဂ္ဂဇင်း
၁၂၉၀ ပြည့်နှစ်။
ဆူဒန်နယ်တီကော်လိပ် မဂ္ဂဇင်း၊ ၁၉၃၀-ပြည့်နှစ်ဝန်းကျင်။
https://www.facebook.com/photo/?fbid=1720097401454065&set=pcb.1720099144787224
ဒေါက်တာတင့်ဆွေ






Comments
Post a Comment