(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)ရောက်ဖူးတဲ့တိုင်းပြည် စည်ပင်တိုးတက်လှပါ၏။
လည်ဖူးတဲ့နိုင်ငံ ပြိုင်စံရှားပါဘိ။
စီးရတဲ့လေကြောင်း မကောင်းတာမရှိ။
တည်းခိုရတဲ့ဟော်တယ် ခနော်ခနဲ့ နတ္ထိ။
ဓါတ်ပုံနောက်ခံ မြင်သူတွေ အမှန်ရောက်ချင်စေမိ။
သူများဆီသွား အဝတ်အစား ဘရင်းနိမ်းနဲ့ တံဆိပ်ခွါထားရ၏။
ခရီးသည်ကျွန်ုပ်သည်ကား မြန်မာပြည်က အညာသား၊
စွပ်ကျယ်နှင့် စာရေးသားနေပါ၏။
မှတ်ချက်
ကဗျာ မဟုတ်ပါ။ စာ။
ဒေါက်တာတင့်ဆွေ
၈-၇-၂၀၁၉

Comments
Post a Comment