Skip to main content

နာကျည်း

ဆရာ နာကြီးတယ်ဆိုတာရော ဘယ်လိုရေးရလဲရှင့်

နာကြီး မမှန်ပါ။

ကြီးဆိုတာ အရွယ်အစား မသေး၊ မငယ်တာ။ ဥပမာ အသက်ကြီး၊ လူကြီး၊ ဈေးကြီး။ 

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

နာကျင် – [ကြိ] / နာကျိင် / ၁။ အဆင်းရဲခံရသည်။ “သည်းခံခိုက်မျှ၊ နာကျင်လျှင်။” သတ်ကြီး။ ၄၁။၂။ ကိုယ်စိတ်ပင်ပန်းသည်။ “သင်းတို့ကြက် ၂ ခုလည်း ခွပ်ကြ၍ နာကျင်ပင်ပန်း နွမ်းရိစေဦးဟု။” ဏီပုံ။ ၇၂။ ၃။ ရောဂါခံစားရသည်။ “ဤကိုယ်ကာယသည် အနာရောဂါ ပြည့်နှက်၍ နေ၏။ နာကျင်ကိုက်ခဲ၍နေ၏။” ဗုဒ္ဓကား။ ၆၁။

နာကျည်း – [ကြိ] / နာကျီး / ဆင်းရဲမှုကို ခံစားရသည်။ စိတ်နှလုံးထိခိုက်သည်။ “နှမတော်နှင့် ဖက်စပ်၍ ပြောရမည်ကို နာကျည်းတော်မူသည်ဆို၍။” ဝိသုဓ်၊ ဒု၊ ၂၇၇။

နာကြား – [ကြိ] / နာကျား / တရားဟောသည်ကို နားထောင်သည်။ “မြတ်စွာဘုရားထံသို့ လာရောက်ပြီး တရားတော်ကို နာကြားရသောကြောင့်။” လောကလင်း။ ၁၉၉။

နာခံ – [ကြိ] / နာဂန် / လေးလေးစားစား နားထောင်သည်။ “ပညာရှိသောသူ၏ စကားကို ကောင်းစွာနာခံ မှတ်သားလျက်။” သူဌေး။ ၃၄။

နာဂ – [န] / နာဂါ / ပြည်ထောင်စု မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယ မြန်မာနယ်စပ်တွင် နေထိုင်သော မြန်မာတိုင်းရင်းသား လူမျိုးတမျိုး။

မှားနေသည့် နမူနာအချို့

1. နာကြည်း (ဝစ်ရှင်နရီ) = မခံချင်ဖွယ်၊မကျေနပ်ဖွယ်ကြောင့်စိတ်မကျေမချမ်းဖြစ်သည်။ မမှန်ပါ။

2. နာကြည်း (အွန်လိုင်းသတ်ပုံ) မမှန်ပါ။

3. Facebook · Family Books နာကြည်းခြင်းကိုတော့ “မခံချင်ဖွယ်၊ မကျေနပ်ဖွယ်ကြောင့် စိတ်မကျေ မချမ်း ဖြစ်သည်” လို့ ဖွင့်ဆိုထားပါတယ်။ 

4. နာကြည်းချက် #itsmintpodcast #itsmint # ...

5. Facebook · It’s Mint - The Burmese Entrepreneur နာကြည်းချက် #itsmintpodcast #itsmint နာကြည်း in English | Burmese to English Dictionary

6. နာကြည်းမှုများကို စွန့်လွှတ်ခြင်း

7. နေ့စဥ်ခွန်အား https://myanmar-odb.org › article သခင်ယေရှု၊ ကျွန်ုပ်အပေါ် မတရားဆက်ဆံသူများအတွက် ဆုတောင်းပေးခြင်းသည် ကျွန်ုပ်အား နာကြည်းမှုမှလည်း လွတ်မြောက်စေနိုင်သည့်အတွက် ကျေးဇူးတင်ပါ၏။ 

8. နာကြည်းချက် ၁(ကလဲ့စား)

9. နာကြည်းစိတ်ကို ဘယ်လို ဖြေဖျောက်မလဲ

10. JW.ORG https://www.jw.org › မဂ္ဂဇင်းများ › နားက... ကိုယ်က နာကြည်းမှုခံစားရလို့ အိမ်ထောင်ဖက်အပေါ် အပြစ်ပုံမယ့်အစား ခွင့်လွှတ်ပေးနိုင်တယ်။ 

11. နာကြည်း from www.jw.org

12. နာကြည်းခဲ့ပါသည် သို့သော် - Joe Lay Cover by ...

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ