ဇမ္ဗူ့သပြေလို့ရေးရ။
ကံ့ကော်လို့ရေးရ။
(၁)
သပြေပန်း (သပြေပင်) ကို အင်္ဂလိပ်လို Eugenia သို့မဟုတ် Syzygium ဟုခေါ်သည်။
ဇမ္ဗူ့သပြေပင် (Syzygium jambos) သည် ဇမ္ဗူဒိပ်ကျွန်းဦးတွင် ပေါက်သောကမ္ဘာ ဦးသစ်ပင်ကြီးဖြစ်သည်။ ဗုဒ္ဓဝင်ကျမ်းဂန်လာ ကမ္ဘာဦးသစ်ပင်ကြီး၊ တောင်ကျွန်း (ဇမ္ဗူဒိပ်ကျွန်း) ၏ အထိမ်းအမှတ်သစ်ပင် နှင့် မြန်မာ့ရိုးရာ အယူအဆအရ အထူးမြတ်နိုးဖွယ်ရှိသော သပြေပင်အမျိုးအစား တရပ်ဖြစ်သည်။
(၂)
ကံ့ကော်၏ ရုက္ခဗေဒ အမည်မှာ Mesua ferrea ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မလေးကျွန်းဆွယ်မှရသော ပိတောက်ကို အနှံ့အပြားစိုက်သည်။ ကံ့ကော်ပင်ကို စိုက်ပျိုးလာကြသည်။ ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသ ကောင်းသည့် သစ်ပင်မျိုးဖြစ်သည်။ ကံ့ကော်ပန်းသည် အလွန်မွှေးသည်။ ကံ့ကော်သည် အမြဲစိမ်းလန်း စိုပြည်နေသည့် သစ်မာပင်လတ်မျိုးဖြစ်သည်။ ကံ့ကော်ပင်သည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်အပင်ဖြစ်သည်။
တချို့က ကံကောင်းစေရေးကို ရည်ရွယ်ပြီး ကံကော်လို့ ရေးကြပေမဲ့ က ကံ့ကော်ကသာ မှန်တယ်။
ရန်ကုန်တက္ကသိုလ်ဆင်းတွေ တချို့ကသာ စာကို မှန်အောင်ရေးတတ်ကြပါတော့တယ်။
(၃)
သစ်ပုပ်ပင်သည် မဒမ၊ ယင်းတိုက်၊ ယင်းစပ်စသည်တို့နှင့်မျိုးတူ၍ ပါပီလီယိုနေစီအီး (Papilionaceae) မျိုးရင်း၌ပါဝင်ပြီးလျှင်ယင်းကို ရုက္ခဗေဒအမည်အားဖြင့် ဒါလဗားဂျီယားကာဇိုင်း (Dalbergia kurzii) ဟုခေါ်သည်။ မြန်မာနိုင်ငံ အထက်နှင့်အောက်ပိုင်း မိုးပါးဒေသသစ်တော (တောခြောက်) များ၌ပေါက်ရောက်သည်။ အပင်အလတ်စားမျိုးဖြစ်၍ အမြင့်ပေ ၅ဝ မှ လုံးပတ် လေးပေမှ ငါးပေအထိရှိသည်။
တချို့က သစ်ပုတ်လို့ ရေးကြပေမဲ့ သစ်ပုပ်က မှန်တယ်။
သစ်ပုပ်ပင် – န / သစ်ပုတ်ပင် / အမြှောင်းအမြှောင်းထသော မြှစ်ပါသည့်၊ ဖြူပြာရောင် အမွေးအခေါက်၊ အပုပ်နံ့ရှိသည့် ညိုညစ်သော အသားရှိသည့် ပင်ထောက်တမျိုး။ (သစ်ညိုပင်၊ စောပြာပင်ဟူ၍လည်း ခေါ်သည်။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment