Skip to main content

ရွှေသွေးဂျာနယ် မျက်နှာဖုံး




ဇန်နဝါရီလ ၄ ရက်နေ့ဟာ ဗမာ့ လွတ်လပ်ရေးနေ့ဖြစ်လို့ တနိုင်ငံလုံးမှာ ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲ၊ ပြေး - ခုန် - ပစ်ပွဲတွေ ပြုလုပ်ကြတယ်တည်း။

လွတ်လပ်ရေးလို့ ဘာလို့ခေါ်သလဲ သိလား။ ဒီလိုတည်း။ ဟိုအစတုန်းက ဗမာနိုင်ငံကို ဗမာမင်းများ အုပ်စိုးပြီး အေးအေး ချမ်းချမ်း နေလာကြသတည်း။

တခါကျတော့ အင်္ဂလိပ်က သေနတ်ပြပြီး ဗမာမင်းထံက သိမ်းယူလိုက်တယ်။

နှစ်အတတ်ကြီးမှ သခင်အောင်ဆန်းနဲ့ လူငယ်တစုဟာ တိတ်တိတ်လေး ထွက်ပြေးပြီး

ဂျပန်ပြည်မှာ စစ်ပညာသင်တန်း သွားတက်တယ်။ (အခုလို ကျောင်းတွေမှာ မသင်သေးလို့လေ)

စစ်တိုက်တတ်ရော ဂျပန်ပါခေါ်လာပြီး အင်္ဂလိပ်ကို ပြန်ချတော့တာပဲ။

အင်္ဂလိပ် ပြေးတော့ ဗမာနိုင်ငံကို မမုမပေးဘဲ ဂျပန်က အပိုင်စီးထားပြန်တယ်တည်း။

အဲဒီတုန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ခေါင်းဆောင်ပြီး ရှိတဲ့လက်နက်နဲ့ တော်လှန်တာပဲ။

တဖက်ကလဲ အင်္ဂလိပ်က ဂျပန်ကိုဘဲ လိုက်တိုက်တယ်တည်း။

စစ်လဲပြီးရော ဗမာနိုင်ငံထဲ အင်္ဂလိပ်တွေ ပြန်ရောက်နေပြန်ရော (အရင်လိုဘဲ မောင်ပိုင်စီးမယ်ပေါ့လေ)

ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းဘဲ ခေါင်းဆောင်ပြီး ပြည်ထောင်စုသားတွေပါ ခေါ်ပြီးတော့ (ဒို့ပြည်ဒို့ပြန်ပေး-ဒါဘဲ) လို့ အတင်းပြောတော့တာဘဲ။

အင်္ဂလိပ်တွေလဲ လှည့်ပတ်လို့မရတဲ့ အဆုံးကျတော့ ဒီလူတွေ ပြန်ချလိမ့်မယ်လို့သိပြီး နံနက် ၄ နာရီ အချိန်မှာ ပြန်ထွက်သွားတယ်တည်း။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း အမျှလွတ်လပ်ရေးနေ့ကျတော့ မရှိတော့ဘူး။

သူ့ကျေးဇူးကို မမေ့နိုင်ကြလို့ ကြေးရုပ် ထုလုပ်ပြီး ကန်တော်ကြီးနားမှာ ထားတယ်။

တနိုင်ငံလုံး စည်းလုံးဖို့အတွက် ရန်ကုန်မြို့တော်ခန်းမမှာ ဗိုလ်ချုပ် နောက်ဆုံးဟောခဲ့တဲ့ ဟောအတိုင်း ထုလုပ်ထားတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်က အဖိုးတန်တဲ့ စကားတွေအများကြီး ပြောခဲ့သတည်း။

ရွှေသွေးကို ဖတ်ခဲ့သူတွေ အသက်ကြီးကုန်ကြပြီ။ 

ရွှေသွေးစာစောင်တွေမှာ မြန်မာစာကို မှန်အောင်ရေးပါတယ်။

အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းကြသူတွေထဲမှာ ရွှေသွေး မပါ။ 

မြန်မာစာ ပါသွားပြီ။

ဆရာဝန်ကတော့ ကုပေးနေတာ မရ။

အဏာနဲ့သာရတော့တဲ့ခေတ်မှာ

မြန်မာစာ ပြန်လည် ကျန်းမာလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ