ဇန်နဝါရီလ ၄ ရက်နေ့ဟာ ဗမာ့ လွတ်လပ်ရေးနေ့ဖြစ်လို့ တနိုင်ငံလုံးမှာ ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲ၊ ပြေး - ခုန် - ပစ်ပွဲတွေ ပြုလုပ်ကြတယ်တည်း။
လွတ်လပ်ရေးလို့ ဘာလို့ခေါ်သလဲ သိလား။ ဒီလိုတည်း။ ဟိုအစတုန်းက ဗမာနိုင်ငံကို ဗမာမင်းများ အုပ်စိုးပြီး အေးအေး ချမ်းချမ်း နေလာကြသတည်း။
တခါကျတော့ အင်္ဂလိပ်က သေနတ်ပြပြီး ဗမာမင်းထံက သိမ်းယူလိုက်တယ်။
နှစ်အတတ်ကြီးမှ သခင်အောင်ဆန်းနဲ့ လူငယ်တစုဟာ တိတ်တိတ်လေး ထွက်ပြေးပြီး
ဂျပန်ပြည်မှာ စစ်ပညာသင်တန်း သွားတက်တယ်။ (အခုလို ကျောင်းတွေမှာ မသင်သေးလို့လေ)
စစ်တိုက်တတ်ရော ဂျပန်ပါခေါ်လာပြီး အင်္ဂလိပ်ကို ပြန်ချတော့တာပဲ။
အင်္ဂလိပ် ပြေးတော့ ဗမာနိုင်ငံကို မမုမပေးဘဲ ဂျပန်က အပိုင်စီးထားပြန်တယ်တည်း။
အဲဒီတုန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ခေါင်းဆောင်ပြီး ရှိတဲ့လက်နက်နဲ့ တော်လှန်တာပဲ။
တဖက်ကလဲ အင်္ဂလိပ်က ဂျပန်ကိုဘဲ လိုက်တိုက်တယ်တည်း။
စစ်လဲပြီးရော ဗမာနိုင်ငံထဲ အင်္ဂလိပ်တွေ ပြန်ရောက်နေပြန်ရော (အရင်လိုဘဲ မောင်ပိုင်စီးမယ်ပေါ့လေ)
ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းဘဲ ခေါင်းဆောင်ပြီး ပြည်ထောင်စုသားတွေပါ ခေါ်ပြီးတော့ (ဒို့ပြည်ဒို့ပြန်ပေး-ဒါဘဲ) လို့ အတင်းပြောတော့တာဘဲ။
အင်္ဂလိပ်တွေလဲ လှည့်ပတ်လို့မရတဲ့ အဆုံးကျတော့ ဒီလူတွေ ပြန်ချလိမ့်မယ်လို့သိပြီး နံနက် ၄ နာရီ အချိန်မှာ ပြန်ထွက်သွားတယ်တည်း။
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း အမျှလွတ်လပ်ရေးနေ့ကျတော့ မရှိတော့ဘူး။
သူ့ကျေးဇူးကို မမေ့နိုင်ကြလို့ ကြေးရုပ် ထုလုပ်ပြီး ကန်တော်ကြီးနားမှာ ထားတယ်။
တနိုင်ငံလုံး စည်းလုံးဖို့အတွက် ရန်ကုန်မြို့တော်ခန်းမမှာ ဗိုလ်ချုပ် နောက်ဆုံးဟောခဲ့တဲ့ ဟောအတိုင်း ထုလုပ်ထားတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်က အဖိုးတန်တဲ့ စကားတွေအများကြီး ပြောခဲ့သတည်း။
ရွှေသွေးကို ဖတ်ခဲ့သူတွေ အသက်ကြီးကုန်ကြပြီ။
ရွှေသွေးစာစောင်တွေမှာ မြန်မာစာကို မှန်အောင်ရေးပါတယ်။
အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းကြသူတွေထဲမှာ ရွှေသွေး မပါ။
မြန်မာစာ ပါသွားပြီ။
ဆရာဝန်ကတော့ ကုပေးနေတာ မရ။
အဏာနဲ့သာရတော့တဲ့ခေတ်မှာ
မြန်မာစာ ပြန်လည် ကျန်းမာလာပါစေသတည်း။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment