Skip to main content

သပြေသီးမှည့်ကောက်စို့ ကွယ်

ဆို။ ။နွဲ့လေး + မလှသွယ် + ထား + သဇင်ကြူ။

အများ။ ။ဝါဆို ဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ ကွယ်။

အများ။ ။သပြေရသာ ဖန်ဖန့်ကလေး၊ ပျို့ပျို့အေးအေး မွှေးလှတယ်။

သွယ်။ ။(ပတ္တမြားသွေးနဲ့ တချို့ဟာကွယ်၊ ဆားကလေးနဲ့ တို့ကာကွယ်)၂၊ စား စားရင် သွားများပင် ကျဉ်အောင်ချဉ်ဖြိုး၊ အစဉ်မမှန်းဘွယ်။

အများ။ ။ဝါဆို ဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။

ထား။ ။ခရူးဆူးခြုံဟိုအထဲက၊ မြှော့နက်မဲကြီး တွယ်လိမ့်မယ်၊ ကြောက်ပါတယ်အေ ရွံ့တွေကြားတော့ သွား-မသွားဝံ့ရွံလှတယ်။

ကြူ။ ။အောင်မယ် ရှင်အေးနွယ်၊ ကြောက်စရာမဟုတ် ဟန်လုပ်ကာကြီးကျယ်။

နွဲ့။ ။မြှော့နက်ဆိုတာ ချိုနဲ့လားတော့ (မြွေနဂါးတောင်)၃ (ကြောက်ဘူး)၂ ကွယ်။

အများ။ ။ဒို့လည်းကြောက်ပေါ် အတူသွားစို့၊ အုံးလက်နွားလေးထားခဲ့တယ်၊ (သွားမယ်-သွားမယ်)၂ သွားကြစို့ကွယ်။

မှတ်ရန်

သီချင်းစာသားမှာ မဲ လို့ရေးတယ်။ စာအရေးအရ မည်း။ စကားနဲ့ သီချင်း မဲ။

ခြုံလို့ရေးတယ်။ ချုံလို့ ပြောင်းလာတာသတိထားမိတယ်။

ချုံ

ကလိမ်ချုံ

ချုံတိုးသည်

ချုံနွယ်ပိတ်ပေါင်း

ချုံပုတ်

ချုံတော

ဆူးချုံ

စေးချုံ

တောချုံ

ခြုံ

ချွတ်ခြုံကျ

ပိုက်ခြုံ

ခြုံငုံမိသည်

ခြုံထည်

ခြုံရုံသည်

ခြုံပြောသည်

မုန့်သိုင်းခြုံ

လုံခြုံရေး

လွှမ်းခြုံသည်

ခေါင်းမြီးခြုံ

စောင်ခြုံပါ

တဆင်းတက်သော် တတောင်ကျော်

တမှော်ငုပ်လျှိုး တချုံတိုး

တမိုးသောက်လျှင် တနေဝင်

တပင်မြိုင်ကြီး ဂနိုင်ဆီး (သျှင်ဥတ္တမကျော်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ