ပြောင်းဖူးနဲ့ ငှက်ပျော
သင်္ဘောနဲ့ သခွါး
နွားနဲ့ လှည်း
မြေပဲနဲ့ နှမ်း
ထန်းနဲ့ တမာ
ဝါနဲ့ နာနတ်
လတ်ဆတ်တဲ့ ချဉ်ပေါင်
ယုန်ပေါင်နဲ့ ပတတ်
ဇရပ်နဲ့ သိမ်
ခပ်ပိန်ပိန် ကျွဲ
ပိန္နဲ၊ ဖရဲနဲ့ ဆီးသီး
ခရမ်းသီး အချဉ်နဲ့ အခါး
ပပ်ကြားအက် ကန်စွန်း
ငရုတ်ခင်းထဲက စမြိတ်
အရိပ်ကောင်းတဲ့ ထနောင်း
ကန်စောင်းက အုန်းပင်
ကွပ်ပျစ်စင်နဲ့ မန်ကျည်း
ခရီးဝေးတဲ့ အရီးလေးတို့ဆီလာချင်။
ဓါတ်ပုံ ဒေါက်တာသက်လွင် Thet Lwin
ဒေါက်တာတင့်ဆွေ
၁၇-၇-၂၀၁၇

Comments
Post a Comment