Skip to main content

ကျောင်းစာ အရေးအသားအား ထောက်ပြချက်

(၁)

မှာ ဝိဘတ် အမှား။

မမရဲ့ စောင်းသံသည် သာယာသည်။

မမ၏ စောင်းသံသည် သာယာသည်။

မမ၏ စောင်းမှာ စောင်းကြိုးတချာင်း ပြတ်နေသည်။

မမမှာ စောင်းသစ်တခု ရှိပါသည်။

မမသည် စောင်းသစ်တခု ဝယ်လာ၏။

မမရဲ့ စောင်းသစ်မှာ ကြိုးစုံလင်သည်။

မမ မှာထားတဲ့စောင်းသစ် ရောက်လာပြီ။

(၂)

အစာများကို ယင်မနားပါစေနဲ့ - 

အစာများကို ယင်မနားပါစေနှင့် လို့ရေးတာက ပိုသင့်သည်။

အစာတွေကို ယင်မနားပါစေနဲ့ လို့လည်း ရေးနိုင်သည်.

စာရေးတာနဲ့ စကားပြောသံ မတူတာတွေရှိတယ်။

(၃)

သာသာတယ် လည်း မမှန်ပါ။

သာယာတယ်၊ သာယာသည်၊ သာယာ၏ လို့ ရေးနိုင်တယ်။

(၄)

စဉ့်အိုးထဲမှာ ရေအပြည့်ရှိတယ် - မှန်ပါသည်။

(၅)

မြန်မာသဒ္ဒါတွင် “မှာ” ဟုသော စကားလုံးသည် ဝါကျတခုအတွင်း နာမ် သို့မဟုတ် နာမ်စားတို့၏ နောက်ကနေ လိုက်ပြီး အဓိပ္ပာယ်ကို ထင်ရှားစေသည့် ဝိဘတ် အမျိုးအစား ဖြစ်ပါသည်။ ၎င်းကို သုံးစွဲပုံနှင့် အဓိပ္ပာယ်အလိုက် အောက်ပါအတိုင်း အုပ်စုခွဲခြားနိုင်ပါသည်။

၁။ နေရာပြ ဝိဘတ် (Locative)

အဖြစ်အပျက်တခု သို့မဟုတ် အရာဝတ္ထုတခု ရှိနေသည့်၊ ဖြစ်ပွားသည့် နေရာဌာန ကို ညွှန်ပြရာတွင် သုံးပါသည်။

နမူနာ − အိမ်မှာ ချက်စားသည်။ ရန်ကုန်မြို့မှာ နေထိုင်သည်။

၂။ အချိန်ပြ ဝိဘတ် (Temporal)

အလုပ်တခုခုကို လုပ်ဆောင်သည့် သို့မဟုတ် အခြေအနေတခု ဖြစ်ပွားသည့် အချိန်ကာလ ကို ရည်ညွှန်းရာတွင် သုံးပါသည်။

နမူနာ − ညဉ့်အခါမှာ နှင်းကျသည်။ ယခုအချိန်မှာ မိုးရွာနေသည်။

၃။ ကတ္တားပြ ဝိဘတ် (Topical/Subjective)

ဝါကျတခုတွင် အဓိကပြောလိုသည့် ကတ္တား (သို့မဟုတ်) အကြောင်းအရာ ကို ပိုမိုလေးနက် ပေါ်လွင်စေရန် သုံးပါသည်။ ၎င်းသည် “သည်/က” နှင့် အဓိပ္ပာယ် ဆင်တူပါသည်။

နမူနာ − လူကြီးမင်းတို့မှာ တာဝန်ရှိသည်။ ကျောင်းသားများမှာ စာမေးပွဲအတွက် အလုပ်များနေကြသည်။

သတိပြုရန် အချက်

“မှာ” ကို စာရေးသားရာတွင် ပုဒ်ဖြတ်ပုဒ်ရပ် စည်းကမ်းအရ ရှေ့က နာမ်လုံးနှင့် ကပ်၍ ရေးရပါမည်။

သုံးစွဲပုံ ဝိဘတ်အမျိုးအစား မှန်ကန်မှသာ ဝါကျတခု၏ ဆိုလိုရင်း အဓိပ္ပာယ်သည် တိကျပြတ်သားပြီး စာအထားအသို ပြေပြစ်မှာ ဖြစ်ပါသည်။

နေရာပြ ဝိဘတ် - ၌၊ မှာ၊ တွင်၊ ဝယ်၊ က။

အချိန်ပြ ဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က။

ပိုင်ဆိုင်ခြင်းပြ ဝိဘတ် − ၏။

လိုက်လျောပြ ဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ။

ယှဉ်တွဲပြ ဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ။

ခွဲထုတ်ရာပြ ဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ။

ရည်စူးချက်ပြ ဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်။

နေရာဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်။

အချိန်ဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး။

အား နှင့် ကို https://burmese-spelling.blogspot.com/2025/12/blog-post_1.html

၌ ဝိဘတ် https://burmese-spelling.blogspot.com/2026/01/blog-post_749.html

ဝိဘတ် အမှား https://burmese-spelling.blogspot.com/2025/05/blog-post_241.html

ဝိပါတ် နဲ့ ဝိဘတ် မှားနေသည် https://burmese-spelling.blogspot.com/2024/11/blog-post_254.html

မြန်မာစာပြဿနာဖြစ်နေတာက တ နဲ့ တစ် သာ မဟုတ်ပါ https://burmese-spelling.blogspot.com/.../blog-post_347.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ