ဟုတ်။
ကျွန်တော်တို့ကတော့
ဘာမားစတား၊ တပတ်တကြိမ် စနေ့နေ့တိုင်းထုတ်၊ တစောင် ၁၀ ပြားကနေ စတင်ပါတယ်။
နောက် တမျိုးလည်း ၁၀ ပြားတန်ပေါ်တယ်။ အမည်ကိုမေ့နေသေးတယ်။ ခဏနေ ပြန်ပေါ်မယ်။
နောက်
တစောင် ၂၅ ပြား မော်ဒန်ကာတွန်း။
နောက်
တစောင် ၁ ကျပ်၊ လုံးချင်းကာတွန်း။
နောက်
တအုပ်တကျပ် စံရွှေမြင့်ကာတွန်း။
ဖဆပလ ခေတ်မှာ အဝါ နဲ့ အနီ ပါတီတွေရဲ့ ဝါဒဖြန့် လုံးချင်းကာတွန်းတွေ ထွက်တယ်။ အကုန် သတ်ပုံ မှန်တယ်။
သောကြာစာစောင်
ဘကလေး (ရွှေတလေး)
ဘထွေး (ကာတွန်း)
ဦးဘဂျမ်း
ဦးဟိန်းစွန်း
ဦးအောင်ရှိန်
ဦးသန်းကြွယ်
မောင်စိန်
ဖေသိန်း
ငွေကြည်
တင်အောင်နီ
ရွှေမင်းသား
ဝင်းမောင်
သော်က
မဆလ ခေတ်မှာ
ရွှေသွေး
တို့ကျောင်းသား
တေဇ ရုပ်စုံ
စတာတွေထွက်တယ်။ မဆလ ခေတ် မကုန်ခင်အထိ သတ်ပုံတွေ မှန်တယ်။
နောက်တော့ ကာတွန်းတွေလည်း
တရားစာအုပ်တွေ
ရသစာအုပ်တွေ
ကဗျာစာအုပ်တွေ
ဘာသာပြန်တွေ
သတင်းစာတွေ
ဂျာနယ်တွေအကုန်
သတ်ပုံတွေပျက်ကုန်တာ အခုထိ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment