ပဲအကြောင်းတင်လိုက်တိုင်းမှာ ပဲအမျိုးအမည်တွေ မှတ်ချက်လာလေ့ရှိတယ်။ ကျွန်တော်တို့လူမျိုးက ဘယ်အရာကိုမဆို တယောက်တမျိုး၊ တရပ်နှစ်မျိုး ခေါ်တတ်ကြတယ်။
၁။ အညာကတော့ စွန်တာနီ ရန်ကုန်မှာတော့ ပဲကတ္တီပါပြုတ်တဲ့
မှတ်ချက်
ပဲကတ္တီပါ kidney beans
စွန်တာနီပဲ small red beans
အတူတူ မဟုတ်ပါ။
၂။ အရမ်းကြိုက်တဲ့ ပဲနီလေးပြုတ်
ပဲနီလေး = ပဲရာဇာ lentils ဖြစ်ပါတယ်။ မတူပါ။
၃။ ပဲနောက်နဲ့ ပဲဒီစိမ်းမတူပါ။ ပဲဒီစိမ်းအလုံးကြီးတယ်၊ ချွဲတယ်။ ပဲနောက်ကမချွဲ၊ ဖွယ်တယ်။
ပြန်စာ
ပဲတီစိမ်းလို့ ရေးရ။
ပဲတီစိမ်း mung bean
ပဲအမျိုးအမည်များ နှိုင်းယှဉ်ချက်ဇယား
အင်္ဂလိပ်အမည် (English Name) မြန်မာအခေါ်အဝေါ် / သတ်ပုံ ဖြည့်စွက်ချက် / ဒေသအခေါ်
1. Chana Dal ကုလားပဲ အခွံခွာပြီးသား ကုလားပဲခြမ်း
2. Cowpeas (Lobia) နတ်တော်ပဲ (ဘိုကိတ်ပဲ) Blackeye Cowpeas ကိုလည်း ခေါ်ဆိုကြ
3. Cowpeas နတ်တော်ပဲ
4. Fenugreek ပဲနံ့သာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံး
5. Green Gram / Mung Bean ပဲတီစိမ်း (သို့) ပဲနောက် ဒေသအလိုက် အခေါ်အဝေါ် ကွဲပြား
6. Kidney beans ပဲကတ္တီပါ
7. Lentil ပဲရာဇာ (သို့) ပဲနီလေး အိန္ဒိယဟင်းလျာများတွင် အသုံးများ
8. Lima bean ပဲကျား (သို့) ပဲဖြူလေး -
9. Mungo Bean / Pappu မတ်ပဲ -
10. Pigeon Peas ပဲစင်းငုံ
11. Small red bean စွန်တာနီပဲ
12. Vada မတ်ပဲ (မတ်ပဲဖြင့်လုပ်သော မုန့်) ပဲဗယာကြော် လုပ်ရာတွင် သုံး
13. ပဲနံ့သာ (Fenugreek)၊
14. ပဲနီလေး/ပဲရာဇာ (Lentils)
15. ပဲနောက် နှင့် ပဲတီစိမ်း (Mung bean)
1. Beans ပဲတွေအကြောင်း https://burmese-spelling.blogspot.com/2022/09/beans.html
2. Blackeye Cowpeas နွားမျက်လုံးနက်နဲ့ တူတဲ့ပဲ https://burmese-spelling.blogspot.com/.../blackeye...
3. Green gram မတ်ပဲ https://burmese-spelling.blogspot.com/.../12/green-gram.html
4. Lobia beans နတ်တော်ပဲ https://burmese-spelling.blogspot.com/.../lobia-beans.html
5. Vada ပဲဗယာကြော် https://burmese-spelling.blogspot.com/2023/01/vada.html
6. ပဲ သတ်ပုံ https://dr-tint-swe.blogspot.com/2021/12/blog-post_710.html
7. ပဲ သတ်ပုံ(၂) https://dr-tint-swe.blogspot.com/2022/06/blog-post_979.html
8. ပဲဋီကာ https://dr-tint-swe.blogspot.com/2021/05/blog-post_769.html
9. မန္တလေးပဲပြုတ် (လူထုဒေါ်အမာ) https://dr-tint-swe.blogspot.com/2022/06/blog-post_440.html
ကျွန်ုပ်တို့လူမျိုးသည် ပဲများကြကုန်၏။
ပဲများသည်ဆိုတာ ဘန်းစကာတခုဖြစ်ပါတယ်။ လှချင်၊ ပချင်၊ ခြယ်သချင်၊ ဝတ်စားဆင်ယင်ချင်တဲ့သဘောဖြစ်ပါတယ်။ ပုံမှန်ထက်လွန်ကဲတဲ့အခါမှာသာ သုံးလေ့ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment