ပြန်စာ
ကျွန်တော်တို့ငယ်စဉ်နဲ့ ကျွန်တော်တို့ထက်စောတဲ့ ကျောင်းသုံးပထဝီစာအုပ်တွေမှာလည်း တရုပ်။
ဗိုလ်နေဝင်း လက်မှတ်ထိုးခဲ့ရတဲ့ ၁၉၆၀ နှစ်နိုင်ငံနယ်နိမိတ်စာချုပ် နဲ့ မြန်မာ့စွယ်စုံကျမ်းမှာ တရုပ်။
လယ်တီဆရာတော်ကြီး သတ်ပုံလင်္ကာတွေထဲမှာ -
"ငရုပ်ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပသတ်ရေး"
ဒိနောက်မှာ တရုတ်၊ တရုတ်၊ တရုတ်။ (ဘာ့ကြောင့်ပြောင်းသလဲ မသိ)
"တယုတ်" လို့တာကတော့ စိတ်ဆန္ဒအရဖြစ်။ သတ်ပုံကျမ်းအရ မဟုတ်။
လူအမည်၊ ကုန်အမည်၊ ဒေါသနဲ့ အာမေဋိတ်သံတွေကိုတာ တယောက် နှစ်မျိုး ရေးကြ၊ ပြောဆိုကြ၊ အသံထွက်ကြလေ့ရှိတယ်။
ရွာမှာတုန်းက လှည့်ကြည့်မခံရတဲ့ "ဂွက်ထော်" သူများနိုင်ငံရောက်တော့ "မာဂရက်" လုပ်တာနဲ့ ရွာကကာလသားတွေက မေတ္တာစာတွေရေးကြသည်။
လူကြီးမင်းတို့သဘော။
စာမေးပွဲနဲ့ အင်တာဗျူးတွေမှာ မှားဖြေ၊ မှားရေးလို့ ထိခိုက်မှုမရှိနိုင်။ ဂုဏ်ထူးတောင်ရနိုင်တဲ့ခေတ်။
တချို့ "တယုတ် လို့ရေးလိုက်တဲ့ငါ" ဆိုပြီး ဟီးရိုးလုပ်နေကြလေရဲ့။
ကျွန်တော်တို့သာ အငြင်းပွား၊ အချင်းများနေကြပေမဲ့ အိမ်နီးချင်းတိုင်းပြည်ကတော့ တစက်ကလေးမှ ဂရုစိုက်လိမ့်မည်မဟုတ်။
သက်သေခံပုံတွေ ၂၀ မကကို အခါ ၂၀ မက တင်ပြထားပြီးလို့ တပုံတည်းသာ တင်ပါမယ်။
"တယုတ်" သမားတွေ ခေတ်နောက်ကျသွားပါပြီ။
"တစ်ရုတ်" ခေတ် ရောက်နေပြီ။ ပုံတွေကို ထပ်မတင်တော့ပါ။
ခေတ်ကလည်း ဆေးအတုဖြစ်ပါသည်ဆိုရင် ဘယ်လောက်ပေးရမလဲ တကယ့်ကို မေးကြသည်။
"မဟုတ်ပါခင်ဗျား" ကို အထောက်အထား တရာလောက်နဲ့ အကြိမ် တရာလောက်တင်ပြလည်းမရတဲ့ခေတ်။
မနေ့ကတင်တဲ့စာ 6သ နဲ့ tay ပို့စ် ၂ ပုဒ်ကို ဖျက်လိုက်ရပါသည်။ တရွေးသားတွေ များများလာလို့ဖြစ်ပါသည်။
အသိတရွေးသားကို တိုးပွားအောင်လုပ်ချင်သူ ရှားတော့တဲ့ခေတ်။
မြန်မာစာနဲ့ မြန်မာ့အသိပညာ တခန်းရပ်သွားပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment