မဟုတ်ပါ။
အရပ်ခေါ်၊ ဒေသခေါ်ဆိုတာ စကားလုံးသာဖြစ်တယ်။
စာလုံးပေါင်းသတ်ပုံကိုတော့ အဘိဓာန်၊ သတ်ပုံကျမ်းတွေကနေ ယူရပါတယ်။
စောင်းလျား – န / ဇောင်းယား / ဇောင်းလယား / အမြှောင့် ငါးမြှောင့်ပါသော အသီး သီးသည့် သစ်ပင်။ (အချိုမျိုး အချဉ်မျိုး ကွဲသည်။) "စောင်းလျားသီး အစိမ်းသည် ချဉ်၏။ ပူ၏။ ထက်၏။" ဥတု။ ၂၀၃။
အရပ်ခေါ်ဆိုတာက တရပ် နှစ်မျိုးသုံးမျိုး။
သက်သေခံဥပမာပေးစရာတွေ အများကြီးရှိတယ်။
(၁)
ဆီးသီး လို့ရေးရပြီး၊ ဇီးသှီး လို့ အသံထွက်ပါတယ်။
သိတဲ့အတိုင်း ဆီး ဆိုတာ ကျင်ငယ် (ကန်တော့)။
ဇီး ဆိုတာ တိရစ္ဆာန်တွေမှာ ကိုယ်ဝန်ရှိတာ (ကန်တော့)။
(၂)
ပဲရှည်သီး ကို ပဲလင်းမြွေသီး လို့လည်းခေါ်တယ်။ ပုံပန်းအရ ခေါ်တာ။
တချို့အရပ်တွေမှာ ဗုံလုံသီး တဲ့။
ဗုံတီးတာနဲ့ နည်းနည်းလေးမှ မတူပါ။ အခေါ်တွေက မမှားပါ။
(၃)
ခရမ်းသီး၊ ခရမ်းချဉ်သီး အခေါ်တွေကလည်း မှန်တယ်။ စာတလုံးစီကို အဓိပ္ပါယ်ဖွင့်နေရန် မလိုပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment