ကွန်မင့်တခု = တကယ်ကို (တစ်ကယ်)လို့ ရေးကြတဲ့သူတွေက ဘလူးမတ်တွေနဲ့..ရှက်စရာကြီး
ဟုတ်။
အဲလိုမှတ်ချက်မျိုး မကြခဏရပါတယ်။
ကျွန်တော့ကိုလည်း ဘလူးမတ် လျှောက်ပါလာလို့လည်း အကြံပေးကြတယ်။
နည်းပညာတတ်သူတယောက်က ၂-၃ နာရီလောက်အချိန်ကုန်ခံပြီး ကြိုးစားပေးတယ်။ မရပါ။
တယောက်က အကြံပေးပါတယ်။ တလ ၁၅ ကျပ်။
မတတ်နိုင်ပါ။
အပြာရောင်အလံတော်ကြီးနဲ့အတူ တင်ထားတဲ့စာတွေ၊ ပုံတွေ၊ သတင်းတွေ၊ အတင်းအဖျင်းတွေအရေအတွက် အလံတော်မပါသူတေတွနဲ့ ထပ်တူထပ်မျှ များတယ်။
ထို့ကြောင့် ဘလူးမတ် သည်
အချက်အလက် အမှန်အမှားနှင့်သော်လည်းကောင်း၊
သတ်ပုံ အမှန်အမှားနှင့်သော်လည်းကောင်း၊
အတု အစစ်နှင့်သော်လည်းကောင်း၊
ယဉ်ကျေးမှုနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိ။
သို့သော် အထင်ကြီးကြကုန်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment