အထအနကောက်ဦးမည်။
"မိုင်" စာလုံးကတော့ သူ့အကြိုက်။
အိန္ဒိယမှာလည်း "မိုင်ယင်မား" တဲ့။ သူတို့က အသံလေးထွက်ပေမဲ့ တရုပ်ကို လိုက်မမီ။
ယူအက်စ်အေမှာတော့ ကွန်ပြူတာစနစ် မျက်စိလည်နေဆဲ။
ဘာသာပြန်ဆရာလုပ်ခဲ့စဉ်က မြန်မာပြည်ကကျောင်းသားတွေ စာရင်းသွင်းကြတော့
တချို့က Myanmar တဲ့။
တချို့က Chin တဲ့။
တချို့က ဖလမ်း တဲ့။
တချို့က ဟားခါး တဲ့။
ယူအက်စ်အေ ကွန်ပြူတာက သဘောမပါ။ Burma လို့သာ ရေးပါလို့ ပြောယူရတယ်။
ဘယ်လိုရေးရေး၊ ဘယ်လိုအသံထွက်ထွက် တိုင်းပြည်အဆင့်ကတော့ မတက်။
(က)
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး ညွှန်းကိန်း (Worldwide Governance Indicators index) တွင် နိုင်ငံရေး တည်ငြိမ်မှုအတွက် ရာခိုင်နှုန်း အဆင့် ၄.၇ ရာခိုင်နှုန်းခန့်နှင့် ခန့်မှန်းခြေ ရမှတ် -၂.၁၃ ရရှိထားပြီး၊ ကမ္ဘာ့အဆင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး တည်ငြိမ်မှုတွင် အောက်ဆုံးအဆင့် နီးပါး၌ တည်ရှိနေပါသည်။
(ခ)
မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ် ညွှန်းကိန်းများတွင် အောက်ဆုံးအဆင့် နီးပါး၌ အစဉ်တစိုက် တည်ရှိနေပြီး၊ ကျယ်ပြန့်သော နိုင်ငံတကာ တိုင်းတာချက်များအရ ဆန်းစစ်လေ့လာခဲ့သည့် နိုင်ငံများအနက် အဆင့် ၉၉ တွင် ရှိကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သမိုင်းဝင် ကိုးကားချက်များ၌လည်း ကမ္ဘာပေါ်တွင် အားနည်းဆုံး အခြေခံအဆောက်အအုံ စနစ်များထဲ၌ ပါဝင်ခဲ့ပါသည်။
(ဂ)
မြန်မာနိုင်ငံသည် ပညာရေးစနစ် တခုလုံးအတွက် သီးသန့် ကိန်းသေ ကမ္ဘာ့အဆင့် သတ်မှတ်ချက် တခုတည်း မရှိသော်လည်း၊ နိုင်ငံတကာ ဆန်းစစ်လေ့လာမှုများက မြန်မာနိုင်ငံ၏ ပညာရေးကို ကမ္ဘာလုံးဆိုင်ရာ ညွှန်းကိန်းများတွင် အောက်အဆင့်များ၌ သတ်မှတ်ထားကြသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment