Skip to main content

Carambola စောင်းလျားသီး

၁။ ဆရာရှင့် စောင်ကားသီးလား စောင်းခါးသီးလား သိချင်လို့ပါရှင့်။

၂။ ဇောင်းလျားသီး ဟုပ်ဘူးလား။

စောင်းလျားသီးလို့ ရေးရတယ်။ ဟုတ်လို့ ရေးရတယ်။

စောင်း

တိမ်းစောင်းသည်

မြင်းစောင်း

ရှားစောင်းပင်

စောင်းကန်းစောင်းကန်း

စောင်းချိတ်ပြောသည်

စောင်းငဲ့ကြည့်သည်

စောင်းစလွယ် ခြင်းခတ်နည်း

စောင်းဆရာ

စောင်းတန်း

စောင်းတီးသည်

စောင်းပါးရိပ်ခြည်

စောင်းငြင်း

စောင်းရွဲ့နေသည်

စောင်းလျားသီး

စောင်းကောက်

စောင်းမြောင်းသည်

စောင်းမြောင်းပြောဆိုသည်

အာထွာစောင်း မှားတယ်။ အာထွာဆောင်းလို့ ရေးရတယ်။

စဉ်း

စဉ်းငယ်၊ စဉ်းချိန်ခွင်၊ ဓားဖြင့်စဉ်း၊ စဉ်းနှီးတုံး။

စိုင်

စိုင်သတ္တဝါ၊ စိုင်သရက်၊ အစိုင်အခဲ၊ မြေစိုင်ခဲ။

စိုင်း

မြင်းစိုင်းသည်၊ စိုင်းနှင့်၊ စိုင်းပြင်း၊ မြင်းစိုင်းမြို့။

စဇင် (စဇင်/စစင်)

စဇင်ခြမ်းကွဲ၊ စဇင်ခြုံသည်၊ စဇင်မ၊ စဇင်ရန်း၊ စဇင်ချမ်းပင်၊ စဇင်ရမ်းစဇင်ကာ။

စောင့်

စေင့်လျှောက်၊ စောင့်စည်း၊ စောင့်စား၊ စောင့်ဆိုင်း။

စဇင်း

စောင်းလျားပင်၊ တီးစရာစောင်း၊ ငဲ့စောင်း၊ စေယင်းမြောင်း၊ ရှားစောင်းပင်၊ မြင်းစောင်း၊ တိမ်းစောင်း။

စစ်

စစ်ဆေးသည်၊ ရေစစ်၊ စစ်ဆင်း၊ စစ်တိုင်၊ စစ်ဘုရင်ထိုးသည်၊ စစ်စစ်မြည်သံ၊ စစ်စသည်၊ စစ်ကြောမေးမြန်း၊ စစ်ငုပ်သည်၊ စစ်တလောက်မောင်း၊ စစ်ပါယီ၊ စိစစ်မေးမြန်း၊ စိစစ်ရှာဖွေ။

စတ်

သျှမ်းပြည် မိုင်းစတ်မြို့။

စပ်

စပ်ဆိုင်သည်၊ စပ်ထဘီ၊ ရွှေတစပ်၊ မျိုးတစပ်၊ စပ်ယှက်၊ စပ်သောအရသာ၊ စပ်ဖျင်းဖျင်း၊ ပုဇွန်နံ့စပ်၊ ပိုးစပ်ကောင်၊ ဗိစပ်ပင်၊ ဒလစပ်၊ ပါးစပ်ခံတွင်း၊ မျက်ခမ်းစပ်၊ စပ်စပ်မြည်၊ စေ့စပ်သည်။

စိတ်

ခွဲစိတ်သည်၊ ဆန်တစိတ်၊ မစ္ဆေရစိတ်၊ အချဉ်စိတ်၊ ဝိနည်းပါစိတ်၊ မိုးကလစိတ်စိတ်၊ စိတ်ဖြာ၊ အစိတ်အပိုင်း၊ စိတ်နှလုံး၊ ငွေအစိတ်၊ ရှုစိတ်၊ စိတ်ကူးစိတ်သန်း၊ ကွက်စိတ်ဆရာ၊ အသေးစိတ်။

စိပ်

စိပ်စိပ်ကြဲပါ၊ စိပ်ပုတီးစိပ်၊ မကျည်းမစိပ်၊ အရွက် ..

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ