သူငယ်ချင်း
မင်းက လူအိုရုံသွား ကူ
ဘိုးဘွားရိပ်သာသွား လှူ
အလှည့်ကျ မနွဲ့ရဘို့ထင်ရဲ့
မင်းရော ငါပါ
ယှီးချဲယား စီးဘို့က နီးလာပြီ
တုတ်ကောက်ကတော့
ဆေးပညာသင်္ကေတထဲကနေ ယူလိုက်ကြတာပေါ့
မင်းကလည်း ရိုးရိုးဆရာဝန်
ငါကလည်း ဘွဲ့လွန်မတက်ဖြစ်
စပါယ်ရှယ်လစ်ဖြစ်အောင်ကြိုးစားကြတဲ့ သူငယ်ချင်းတချို့က
တို့အရင် ပန်းတိုင်ဝင်သွားနှင့်ကြပြီ
မင်းကတော့ ရွာနေပြည်ထိုင်
ငါ့မှာတော့ ပြည်တွင်းမှာမနေနိုင်
ပြည်တွင်းနဲ့ ပြည်ပ ဇာတာသက် တဝက်စီခွဲနေရ
ဘယ်သူတွေ
ဘယ်ကနေလာလာ
ဘာတွေဖြစ်ဖြစ်
ဘယ်မှာနေနေ
ဝှီးချဲယားနဲ့ တုတ်ကောက်ကတော့
ဝမ်း-ဆိုက်စ်-ဖစ်-အောလ် တဲ့ သူငယ်ချင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment