Skip to main content

Open Your Mind ကိုယ်ရော စိတ်ပါ ကျန်းမာကြစေသတည်း

(တိုင်းတပါးမှာ နှစ်ပေါင်းများစွာ နေရသူများ)

ဒီစာမှာ လူ ၂ ဦးတည်းကိုသာ နမူနာပြပါမယ်။

တယောက်က လန်ဒန်မှာ။ နောက်တယောက်က ဘာလင်မှာ။

တခြားတိုင်းပြည်တွေကလည်း ရှိသေးတယ်။

ရုရှား၊ အမေရိကား။

သူတို့က ပြန်မာစာနဲ့ တိုင်းတပါးက သုတတွေကို စိတ်ဝင်စားကြတယ်။

ယနေ့ခေတ် မြန်မာစာ စာလုံးပေါင်း၊ သတ်ပုံ၊ အသုံးတွေကိုသာမက ဘာသာပြန်အလွဲအမှားတွေကို ထောက်ပြလေ့ရှိကြတယ်။

ကျွန်တော်တို့ မြန်မာစာနဲ့ ပြောစကားအပြင် ဘာသာပြန်နဲ့ အသံထွက် လွဲမှားနေကြတာတွေ အများကြီး။

စာဖတ်သူ လူကြီးမင်းတို့ခင်ဗျား ခေတ်ဆိုတာ ပြောင်းတယ်။

ကျွန်တော်တို့ကျောင်းသားခေတ်မှာ နိုင်ငံခြားသွားရတယ်ဆိုတာ တကဲ့ကို ခက်ခဲလွန်းခဲ့ပါတယ်။

အခုတော့ -

မြန်မာပြည်ရဲ့ပြင်ပနိုင်ငံတွေမှာ နေထိုင်၊ အလုပ်လုပ်နေကြသူ မြန်မာနိုင်ငံသားပေါင်း ခန့်မှန်း ဦးရေ ၄ သန်းကနေ ၅ သန်းရှိပြီ။ 

တနည်းအားဖြင့် ၁၀ ယောက်မှာ ၁ ယောက် ပြည်ပမှာ။

တယောက်ယောက်လောက် နိုင်ငံခြားရောက်မနေသူမရှိတဲ့ မိသားစု မရှိသလောက် ရှားတယ်။

အဲဒါကြောင့် နိုင်ငံတကာနဲ့ ကင်းကွာလို့ မရတော့ပါ။

ကိုယ်ရေးတဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်အသံထွက်၊ ဘာသာပြန်တွေမှာ ရှေးရိုးကြီးအတိုင်း မရသင့်တော့ပါ။

မြန်မာစာအကြောင်းလေးတွေတင်ပြတဲ့အခါ -

ပုဂံခေတ်ကဟာတွေ လာမပြောနဲ့တဲ့။

ဘိုးတော်ခေတ်ကို ထားခဲ့တဲ့။

စာကိုမှန်အောင်ရေး ရှေးတဲ့။

အတော်ကို ညံ့ဖျင်းတဲ့၊ အတွေးအသိ၊ အပြောနဲ့ အရေးအသား အယူအဆတွေဖြစ်တယ်။

သူတို့က ခေတ်စာလုံးကိုတောင် မှန်အောင်မရေးတတ်ကြ။

ကျွန်တော့်အမည်ရှေ့ ဒေါက်တာ စာလုံးက ဘိုဆန်သတဲ့။

စာကို မှန်အောင်မရေးတတ်သူက ရိုင်းကြတယ်။

ဝေါဟာရတွေကို နိုင်ငံရေးလုပ်ထားတာကို သိတဲ့သူ နည်းတယ်။

ဗမာ နဲ့ မြန်မာ ရန်ဖြစ်ကြတယ်။

တ နဲ့ တစ် စစ်ဖြစ်ကြတယ်။

စာနဲ့ ပညာ ညံ့တော့ နိုင်ငံရေး၊ လူမှုရေးလည်း ညံ့တယ်။

တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆို အဟုတ်မှတ်နေကြတယ်။ ၉၆ ခါရှိပြီ။

စာဖတ်သူ လူကြီးမင်းတို့ခင်ဗျား -

မျက်စိကိုသာမက ဦးနှောက်ကိုလည်း ဖွင့်ထားကြပါ။

တီချယ် နဲ့ ဆယ်လီ လို့ရေးတတ်တာနဲ့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်မနေကြနဲ့။

ပါပီ နဲ့ ဖစ် လို့ရေးတတ်တာနဲ့ ခေတ်မီတယ် ထင်မနေကြနဲ့။

ရ ကို က လို့ ပြောတတ်တာနဲ့ ဆူပါ၊ မော်ဒန်၊ ရှူးရှဲအဆင့်ရှိသူလို့ အောက်မေ့မနေကြနဲ့။

ကိုယ်ရော စိတ်ပါ ကျန်းမာကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ