Skip to main content

Real is rare, fake is everywhere. ခေတ်

တင်ထားတဲ့စာ = မ ကိုနေရာထားလွဲရေးခြင်း။

ကွန်မင့်တခု = လုပ်မတတ်။ လုပ်တော့မလိုလို။

ဟုတ်တယ်။

မတတ်ဆိုတာ မလုပ်တတ်၊ မကိုင်တတ်သူမက တခြားအဓိပ္ပါယ်လည်း သက်ရောက်စေနိုင်တယ်။

မလုပ်တတ် (ကျွမ်းကျင်မှု/အသိပညာ မရှိခြင်း) — လုပ်ဆောင်နည်းကို မသိတာ၊ အတတ်ပညာ မရှိတာကို ရည်ညွှန်းတာပါ။

လုပ်တော့မလိုလို/မပြတ်သားခြင်း (တကယ် မလုပ်ချင်/မလုပ်ရဲခြင်း) — "လုပ်မတတ်၊ မကိုင်တတ်" ဆိုတာမျိုးက တစ်ခါတလေ ကျွမ်းကျင်မှုကို ရည်ညွှန်းတာ မဟုတ်ဘဲ လုပ်ဆောင်ပုံ လုပ်ဆောင်နည်း ချီတုံကျတုံ ဖြစ်နေတာ၊ သတ္တိမရှိတာ ဒါမှမဟုတ် တိတိကျကျ ဆုံးဖြတ်ချက် မချနိုင်ဘဲ ယောင်ဝါးဝါး ဖြစ်နေတာကိုလည်း သက်ရောက်သွားစေပါတယ်။

စားမတတ် ဝါးမတတ်။

အစိမ်းလိုက် ဝါးစားမတတ် ဒေါသထွက်ခဲ့ဖူးတဲ့ အသက် အာမခံ

စက္ကန့်လေးတွေလဲဝါးစားမတတ် 

အလုပ်ထဲမှာဆို သံချောင်းတွေဝါးစားမတတ်ပဲ 

စားမတတ်ဝါးမတတ်ကြည့်နေတဲ့ဘဲကြီး

အကြည့်ကြီးကကွာစားမတတ်ဝါးမတတ်

စကားပြောတာ အသံထွက်ပြီးရောသမားတွေ များတယ်။

ခေတ်

စာရေးတာ ကကြီး၊ ခခွေးပါပြီးရောသမားတွေလည်း များတယ်။

ဘယ်လိုပြောပြော ဝယ်ချင်သူတွေကများတာကိုး။

လယ်လိုရေးရေး အောင်မှတ်ပေးဆဲ့ဆရာဆရာတွေက များတာကိုး။

ဘယ်လောက်မှားမှား တပည့်ခံချင်သူတွေက များတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ