မနေ့ညက မအိပ်ခင် ကွန်မင့်တွေဖတ်တော့ ကွန်မင့်တချို့ကို ဘလော့လိုက်ရတယ်။
တခုကိုတော့ လက်လွန်သွားတယ်။
ကွန်မင့်မှာရေးထားတာမှာ မှတ်မိသလောက် "တင့်ဆွေလက်သစ်" လို့ပါတယ်။
ကျွန်တော့ကို ရှေ့က မောင်၊ ကို၊ ဦး၊ ဒေါက်တာ မထည့်ဘဲခေါ်သူတွေက ငယ်သူငယ်ချင်းတွေသာ ရှိပါတယ်။
ဖရင်းတွေ မဟုတ်။
ဘလော့ပြီးမှ ပြန်စဉ်းစားတော့ သူကလည်း သတ်ပုံတွေပြင်ပေးနေလို့ သူ့ကို အဲလိုပြောကြတယ်လို့ ရေးတာထင်တယ်။
ဘလော့ပြီမှ သတိရတယ်။ ပြန်ထည့်လို့လည်း မရတော့ပါ။
ဖရင်းစာရင်း ၄၉၉၉ ဖြစ်သွားတယ်။
ဟိုနှစ်တွေက တယောက်ကို ဘလော့လိုက်တာနဲ့ ဘလော့ထားပြီးစာရှရင်းပေါ်လာတယ်။ အခုမပေါ်တော့ပါ။
ရှာလည်း မရပါ။ နည်းပညာသမားတွေက ရှာပေးတာလည်း မရပါ။
မှတ်ထားသလောက် ဘလော့ထားသူ ၉၀၀ ကျော်ရှိတယ်။
စာရင်းမမှတ်နိုင်တာကလည်း အဲလောက်ရှိမယ်။
နောက်ပိုင်း ဘလော့ရသူ အများစုက မြန်မာစာအတွက်။
ညက ဘလော့လိုက်သူ ဆောရီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment