Skip to main content

တမျိုး


တမျိုး ကို တမျိုး လို့သာ ရေးရပါသည်။

တများများ – ကြိဝိ / တများများ / (သွားရည်ကဲ့သို့ အရည်များ) အဆက်မပြတ် (ယိုစီးလျက်။) "တံတွေးတများများနှင့် လျှာပြတ်လွှတ် ထွက်နေ၏။" မေတ္တာမယ္။ ၁၂၄။

တမျိုးတဖုံ – န / တမျိူးတဖုန် / တနည်းတဖုံ – န၊ နှင့် အတူတူ။

တမျိုးတမည် – န / တမျိူးတမျိ / တမျိုးတဖုံ – န၊ နှင့် အတူတူ။ "အယူသည်းသောဂိုဏ်းဘက်သို့ ပါသွားမည်ကို တမျိုးတမည် တွေးတောပူပန်နေရပြန်၏။" ပြူတင်၊ ပ။ ၄။

တမြမြ – ကြိဝိ / တမျာ့မျာ့ / (သေရည်ကို အနည်းအကျဉ်း) မပြတ်မလပ် (သောက်လျက်။) "ထန်းရည်ကလေးကလည်း တမြမြ ဖြစ်သည့်အပြင်။" စာအု။ ၃၇၉။

တမြန်နေ့ – န / တမျန်နွေ / မနေ့က အလျှင်ဖြစ်သော နေ့။ "သင်သည် တမြန်နေ့က သုံးယောက်စာ ယူအပ်၏။" သံဝတ်။ ၃၉၆။

တမြန်နှစ် – န / တမျန်နှစ် / မနှစ်က အလျှင်ဖြစ်သော နှစ်။

တမြန်မနေ့ – န / တမျန်မနွေ / တမြန်နေ့ – န၊ နှင့် အတူတူ။ "တကယ့်ကို ပြောတာပါကောင်မရယ်၊ တမြန်မနေ့က ....အမေ့ကို ပြောသံကြားသေးတယ်။" ယမုန်း။ ၄၉။

ဒေါက်တာတင့်ဆွေ

Comments