Skip to main content

Numbers ဂဏန်းရေးနည်း (၂)





(၁)

၁၅၀၅ = တစ်ထောင်ငါးရာ့ငါး။ တစ်ထောင့်ငါးရာ့ငါး

၁၅၅၅ = တစ်ထောင်ငါးရာငါးဆယ့်ငါး။ တစ်ထောင့်ငါးရာငါးဆယ့်ငါး

၁၅၅၅၅ = တစ်သောင်းငါးထောင်ငါးရာငါးဆယ့်ငါး။ တစ်သောင်းငါးထောင့်ငါးရာငါးဆယ့်ငါး ဘယ်ဟာအမှန်ပါလဲဆရာ စကားပြောတဲ့အခါမှာ နံပါတ် ၂ နဲ့ပဲ ပြောနေကြတာ ကြားနေရလို့ပါဆရာ

၂။ တစ်တောင် နဲ့ တတောင် စာလုံးပေါင်းအမှန်လေး သိချင်လို့ပါ ခင်ဗျာ

၃။ ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။

၄။ ငွေ ၂၀၀၀၀၀၀၀ိ ကို (ကျပ်သိန်းနှစ်ရာတိတိ) ရေးရမည်လား ကျပ်မပါဘဲ (သိန်းနှစ်ရာတိတိ) ရေးရမည်လားရှင့်

၅။ တစ်တောင် နဲ့ တတောင် စာလုံးပေါင်းအမှန်လေး သိချင်လို့ပါ ခင်ဗျာ

၆။ ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။

၇။ မင်္ဂလာပါဆရာ

1111 ကို တစ်ထောင်တစ်ရာတစ်ဆယ့်တစ် လား တစ်ထောင့်တစ်ရာတစ်ဆယ့်တစ်လား ဘယ်ဟာ အမှန်ပါလဲဆရာ

111 ကို တစ်ရာတစ်ဆယ့်တစ် ကို တစ်ရာ့ဆယ့်တစ် လို့ပြောရင်ရော မှန်လားဆရာ

1707 ဆိုရင် တစ်ထောင်ခုနှစ်ရာ့ခုနစ် လား တစ်ထောင့်ခုနစ်ရာ့ခုနစ် လားရှင်

1057 ကရော တစ်ထောင်ငါးဆယ့်ခွန် လား တစ်ထောင့်ငါးဆယ့်ခွန်လား ဆိုတာကျေးဇူးပြုပြီး ဖြေကြားပေးပါဦးရှင်

၈။ ဆရာခင်ဗျား ၁၀၁ ကို စာနဲ့ ဘယ်လိုရေးရမလဲ ဆရာ။ တရာ့တ လား။ တရာ့တစ် လားဆရာ။ ကျေးဇူးပါ။ (တရာ့တစ်)

၉။ ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။

အရေအတွက်တွေမှာ တ ကို သတ်ရမယ်ဆိုတဲ့ အဆုံးအမ မှားတယ်။ တမတ်၊ တကျပ်၊ တရာကျပ်တန် ပိုက်ဆံတွေ တရားဝင်ထုတ်ဝေခဲ့ပါတယ်။ ပုံတွေကို မကြာခဏ တင်ပြထားတယ်။ ပိုက်ဆံထက် ရေတွက်စရာ ဘာရှိပါသနည်း။ ပဌမဆုံးစစ်အာဏာသိမ်းတဲ့ ဗိုလ်နေဝင်းကို ၂၆ နှစ်လုံးလုံး နံပါတ်ဝမ်းကြီးလို့ ခေါ်ကြတယ်။ ဝမ်းဆိုတာ တစ်။ အဲဒီခေတ်ကတည်းက တမှန်သမျှ တစ်ခိုင်းတာ လုပ်သားပြည်သူတွေကလည်း အခုထိ ရိုသေကျိုးနွံစွာလိုက်နာကြပါတယ်။

တစ် အသုံးမှန်များ

1.  ကကတစ်ငါး

2.  ကာတစ်ဆေးတိုက်

3.  စတစ်ကော်လာ

4.  စတစ်အင်္ကျီ

5.  ဆင်ပြောင်ကြီး အမြီးမှတစ်၊

6.  တစ္ဆေမှင်စာ၊

7.  တစ်၊ နှစ်၊ သုံး၊

8.  တစ်ငှက်၊

9.  တစ်ဆို့၊

10.  တစ်တစ်ခွခွ၊

11.  တစ်တစ်ရစ်ရစ်၊

12.  တစ်တရားခံ၊

13.  တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊

14.  တစ်ရှူး (ဆဲလ် အစုအဝေး)၊

15.  တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊

16.  တစ်လစ်၊

17.  တော်နီကာတစ် (လူအမည်)

18.  ပြူတစ်၊

19.  မျိုချမရ တစ်နေသည်

20.  ရင်ထဲမှာတော့ တစ်ဆို့ဆို့၊

21.  သားငါး တုံးတစ်သည်၊

22.  သားတစ် ငါးတစ်၊

ရောဂါအမည်မျာတွင် တစ် သံဖြင့်ဆုံးသည်များကို ရောင်ရမ်းခြင်းဟုခေါ်သည်။ ဥပမာ အပင်ဒီဆိုက်တစ် (အူအတက်ရောင်)၊ စတိုမာတိုက်တစ် (လျှာနာ၊ ခံတွင်းနာ)။

တစ် အသုံးမှန်များ https://burmese-spelling.blogspot.com/.../blog-post_992.html

“တ” နဲ့ “တစ်” https://dr-tint-swe.blogspot.com/2022/03/blog-post_18.html

တစ်အရေး တအရေး https://dr-tint-swe.blogspot.com/2022/04/blog-post_969.html

တခု တကောင် တယောက် https://dr-tint-swe.blogspot.com/2021/11/blog-post_65.html

တစ် သမိုင်း သံခိပ် https://dr-tint-swe.blogspot.com/2021/08/blog-post_864.html

တဝမ်းပူစသတ် https://dr-tint-swe.blogspot.com/2021/11/blog-post_445.html

Curtis တစ် အသုံးမှန်များ https://dr-tint-swe.blogspot.com/2021/05/tit-usage.html

Numbers ဂဏန်းရေးနည်း https://dr-tint-swe.blogspot.com/2021/11/numbers.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ