Skip to main content

October အောက်တိုဘာလ

၂၀၂၅ ခုနှစ် အောက်တိုဘာလဟာ မြန်မာလို ၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်ကျော် ၁၁ နေ့အထိဖြစ်တယ်။ အောက်တိုဘာ ၆ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့ ဖြစ်ပါတယ်။

အောက်တိုဘာ စကားလုံးဟာ လက်တင် octō ကနေလာတယ်။ ရှစ်ဖြစ်တယ်။ ပြက္ခဒိန်ပေါ်ကာစ ၁ဝ လသာ ပါစဉ်က အဋ္ဌမလဖြစ်လို့ပါ။ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ အေးတော့မယ်လို့ ဆိုလိုတယ်။

အောက်တိုဘာလ နှစ်ပတ်လည်နေ့များ

အောက်တိုဘာ ၁ = တရုပ်အမျိုးသားနေ့၊ ဆိုက်ပရပ်စ် လွတ်လပ်ရေးနေ့၊ နိုက်ဂျီးရီးယား လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့။

အောက်တိုဘာ ၂ = ဂန္ဒီမွေးနေ့၊ နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့။

အောက်တိုဘာ ၃ = ဂျာမန်စည်းလုံးညီညွတ်မှုနေ့။

အောက်တိုဘာ ၄ = ကမ္ဘာ့တိရစ္ဆာန်နေ့။

အောက်တိုဘာ ၅ = ပေါ်တူကီနိုင်ငံတည်ထောင်သည့်နေ့။ နိုင်ငံတကာကျောင်းဆရာများနေ့။

အောက်တိုဘာ ၆ = သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

အောက်တိုဘာ ၆ = ကမ္ဘာ့ ဗိသုကာနေ့။

အောက်တိုဘာ ၈ = ခရိုရေးရှား လွတ်လပ်ရေးနေ့။

အောက်တိုဘာ ၁ဝ = တိုင်ဝမ် အမျိုးသားနေ့။

အောက်တိုဘာ ၁၂ = စပိန် အမျိုးသားနေ့။ ကိုလန်ဘတ်စ်နေ့။ ကနေဒါ ကျေးဇူးတော်နေ့။

အောက်တိုဘာ ၁၅ = ကိုယ်ဝန်ဆောင်နှင့် သန္ခေသားဆုံရှုံးမှု သတိရခြင်းနေ့။

အောက်တိုဘာ ၁၆ = ကမ္ဘာ့ အစားအစာနေ့။

အောက်တိုဘာ ၂ဝ = ဝိညာဉ်နေ့။

အောက်တိုဘာ ၂၁ = ပန်းသီးနေ့။

အောက်တိုဘာ ၂၄ = ကမ္ဘာ့ကုလသမဂ္ဂနေ့။

အောက်တိုဘာ ၂၅ = ရိုမေးနီးယားတပ်မတော်နေ့။

အောက်တိုဘာ ၂၆ = သြစတြီးယား အမျိုးသေားနေ့။

အောက်တိုဘာ ၂၇ = စန့်ဗင်းဆင့်နှင့် ဂရင်နေဒင်းစ်လွတ်လပ်ရေးနေ့၊ တာ့ခ်မင်နီစတန်လွတ်လပ်ရေးနေ့။

အောက်တိုဘာ ၂၉ = တူရကီပြည်ထောင်စုနေ့။

အောက်တိုဘာ ၃၁ = ဒေဝါလီနေ့။

အောက်တိုဘာ ၃၁ = ဆလိုဗေးနီးယား ပြန်လည်တည်ဆောင်ခြင်းနေ့။ Halloween (All Hallows Eve) ဟယ်လိုဝင်းနေ့။

တလလုံးဆောင်ရွက်စရာများ

International Walk to School Day ကျောင်းသို့လမ်းလျှောက်ခြင်းလ။

Brain Tumor Awareness Month ဦးနှောက်အကျိတ် အသိပညာပေးလ (ကနေဒါ)။

Celiac Sprue Awareness Month စီးလီးယက် စပရူးရောဂါ အသိပညာပေးလ။

Health Literacy Month အကျိုးပြုစာပေလ။

Healthy Lung Month အဆုပ်ကျန်းမာရေးလ။

Liver Awareness Month အသည်းပညာပေးလ။

National Breast Cancer Awareness Month ရင်သားကင်ဆာလ (ယူအက်စ် + ကနေဒါ)

National Dental Hygiene Month (US) သွားကျန်းမာရေးလ (ယူအက်စ်)

National Down Syndrome (US) ဒေါင်းဆင်ဒရုမ်း အသိပညာပေးလ (ယူအက်စ်)

National Infertility Awareness Month သားသမီးမရနိုင်ခြင်းအသိပညာပေးလ (ယူအက်စ်)

National Domestic Violence Awareness Month အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေးလ(ယူအက်စ်)

National Lupus Erythematosus (US) လူးပတ်စ် အရစ်မတိုးဆပ်စ်ရောဂါ အသိပညာပေးလ (ယူအက်စ်)

National Physical Therapy Month ရုပ်ပိုင်းကုသရေးလ (ယူအက်စ်)

National Spina Bifida Awareness Month စပိုင်နာ ဘိုင်ဖစ်ဒါ အသိပညာပေးလ (ယူအက်စ်)

Rett Syndrome Awareness Month ရက် ဆင်ဒရုမ်း အသိပညာပေးလ (ယူအက်စ်)

Sudden Infant Death Syndrome (SIDS) ရုတ်တရက် မွေးကာစကလေးသေဆုံးခြင်း အသိပညာပေးလ

World Blindness Awareness Month ကမ္ဘာ့မျက်မမြင် အသိပညာပေးလ။

American Pharmacist Month အမေရိကန် ဆေးဝါးပညာရှင်များလ။

Medical Ultrasound Awareness Month ဆေးဖက်သုံး အာလ်ထွာဆောင်း အသိပညာပေးလ။

Mental Illness Awareness Week စိတ်ကျန်းမာရေး အသိပညာပေးလ။

World Polio Day အောက်တိုဘာ ၂၄ ကမ္ဘာ့ ပိုလီယိုနေ့။

အောက်တိုဘာလ သင်္ကေတများ

ကျောက်မျက်ရတနာ = Ruby ပတ္တမြား၊ Garnet ပတ္တမြားရောင်ကျောက်၊ Lucky Charms အစိမ်းရောင်ကျောက်၊ Aquamarine အပြာရောင်ကျောက်၊ Beryl အဝါရောင်ကျောက်၊ ဥသဖရားနှင့် ကြောင်ကျောက်။

ပန်း (နိုင်ငံတကာ) = Calendula အဝါ-လိမ်မော်ရောင်ရှိသည့်ပန်း (မြန်မာလိုမသိပါ)။

မြန်မာ့ ဆယ့်နှစ်ရာသီပန်း = ယင်းမာပန်း (တော်သလင်းလ) နဲ့ ကြာပန်း (သီတင်းကျွတ်လ)။

ဆယ်နှစ်ရာသီခွင် = Libra တူရာသီ (အောက်တိုဘာ ၂၂ အထိ) + Scorpio ဗြိစ္ဆာရာသီ (အောက်တိုဘာ ၂၃ မှစ၍)။

စားစရာ (ယူအက်စ်) ပီဇာလ၊ ပေါ့ကွန်လ၊ ဝက်သားလ၊ ဝက်အူချောင်းလ၊ ဒိန်ခဲလ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ