Skip to main content

အန်တီ အန့် အင်တီ အင်တိုင်

တင်ထားတာတခု ဖတ်ရတယ်။ ကျေးဇူး။

(စ)အန်ကယ် အန်တီတဲ့လား မြန်မာပြည်မှာ အသက် ၃၀ နားရောက်ရင်ပဲ အန်ကယ် အန်တီ အခေါ်ခံနေရပြီ။ အမေရိကားမှာတော့ တွေ့တဲ့သူတိုင်းကို အန်ကယ် အန်တီ အဘိုး အဘွားတို့ သွားမခေါ်နဲ့နော် စိတ်ဆိုးခံရမယ် ရိုင်းတယ် စော်ကားတယ်အထင်ခံရပါတယ် ယောက်ခမတောင် အန်တီခေါ်လို့မရဘူး။ (ဆုံး)

မြန်မာပြည်မှာ အဒေါ်ကို အန်တီလို့ခေါ်ကြတယ်။ ယဉ်ကျေးပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လိုရေးရင် လွဲနေကြသူတွေက များတယ်။ Auntie နဲ့ Aunty လို့ ရေးတာကို အင်ဖေါ်မယ် ခေါ် ခပ်လွယ်လွယ်ရေးနည်းလို့ ခေါ်တယ်။ မှားတော့ မမှားပါ။ Anty လို့ပေါင်းရင် မှားတယ်။ ယူအက်စ်မှာ Aunt လို့ရေးတယ်။ အန့်လို့ မြန်မာလိုခေါ်ပြန်ရင်လည်း အဆင်မပြေလောက်။

Anti အသံထွက်

အန်တိုင်  အန်တီ  ဘယ်လိုခေါ်သင့်လဲ ဆရာ

https://www.youtube.com/watch?v=U83V6HYFQ40

ဗြိတိန်အင်္ဂလိပ်လို အင်တီ

အမေရိကန်အင်္ဂလိပ်လို အင်တိုင်

အင်တီဘိုအောတစ် 

အင်တီဗိုင်းရပ်စ်

အင်တိုင်ဘိုင်အောတစ်

အင်တိုင်ဗိုင်းရပ်စ်

မြန်မာလို ကြိုက်သလို။

Aunt အန္တီမဟုတ်

ဆရာနှင့် အန္တီတင်တို့မိသားစုအားလုံး ဘေးရန်ကင်းရှင်းကျန်းမာကြပါစေရှင့်

အဲလိုတော့ မရေးသင့်ပါ။ အန်တီလို့သာရေးရတယ်။ နသတ်ကို အဆင့်ရေးရတာတွေရှိတယ်။

မြန်မာပြည်မှာက -

အရွယ်ရောက်ယောက်ျားတွေကို သိသိမသိသိ၊ ယူနီဖေါင်းမပါလည်း အဘ တဲ့။

ကိုယ်ထက်အသက်ကြီးလည်း ကောင်မလေး တဲ့။ 

ကိုယ်ထက်အသက်ကြီးလည်း ကောင်လေး တဲ့။

နိုင်ငံတကာစင်မြင့်မှာ အသံထွက်ကအစ အရေးကြီးတယ်။ မနေ့က အမေရိကန်ဘောလုံးသင်းခေါင်းဆောင်က အီရန် ကို အိုင်ရန် လို့ အမေရိကန်အင်္ဂလိပ်သံနဲ့ ထွက်မိတာကို တောင်းပန်လိုက်ရတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဘယ်လိုရေးရေး၊ ဘယ်လိုအသံထွက်ထွက်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ