Skip to main content

ပန်ထွေဖျော် ဋီကာ

(၁)
ပန်ထွေဖျော်စာလုံး ဘီဘီစီမှာ ပန်ဆိုတာက ငါးပါ။ ထွေဆိုတာက အထွေထွေအလီလီ။ ဖျော်ဆိုတာကတော့ ရောလိုက်တာ၊ ဖျော်လိုက်တာ၊ ပေါင်းစပ်လိုက်တာကို ပြောတာပါတဲ့။ ခရမ်းချဉ်သီးရယ်၊ ငရုတ်သီးရယ်၊ ငါးပိရယ်၊ နံနံပင်ရယ်၊ ကြက်သွန်နီရယ် မဖြစ်မနေပါရမယ်လို့ ဆိုကြသကိုးတဲ့။ ပန်ကို ငါးလို့ခေါ်တာက ပါဠိစကား။ ပါဠိလို ငါးကို ပဥ္စလို့ ခေါ်တယ်။ အင်ဒိုဥရောပ အနွယ်တွေက ပန်ဂျ လို့ ထွက်ပါတယ်။ ပန်ဆိုတာ အဲဒီ ပန်ဂျရဲ့ အတိုကောက်လို့ ဖတ်ရတယ်တဲ့။ ပါဠိအဘိဓာန်မှာ ပန္နကိုလည်း ငါးလို့ အဓိပ္ပာယ်ပေးတယ်။ ပဥ္စဂံ၊ ပဥ္စကလျာဏီ၊ ပဥ္စငါးပါး၊ ပဥ္စရူပ၊ ပဥ္စဝဂ္ဂီ၊ ပဥ္စနန္တိယကံ၊ ပဥ္စင်တူရိယ၊ ပဥ္စင်း ဥပမာတွေ ပေးထားပါတယ်။ 
(၂)
ကျွန်တော်လည်း ၅ ဂဏန်းအကြောင်း လေ့လာကြည့်ပါတယ်။
Hindi ဟင်ဒီစကားမှာ
၁ = Ek
၂ = Do
၃ = Teen
၄ = Char
၅ = Panch ပန့်ချ်လို့ အသံထွက်တယ်။
Sanskrit ဆန်းစ်ကရစ် ခေါ် သက္ကတဘာသာမှာ
၁ = ekam
၂ = dve
၃ = treeni
၄ = chatvaari
၅ = pancha (pañca) ပန်ချာလို့ အသံထွက်တယ်။
Greek ဂရိဘာသာမှာ
၁ = Ena
၂ = Dio
၃ = Tria
၄ = Tessera
၅ = Pente ပန်တေးလို့ အသံထွက်တယ်။
IUPAC numerical multiplier ဂဏန်းမြှောက်ကိန်းမှာ
၁ = mono-
၂ = di-
၃ = tri-
၄ = tetra-
၅ = penta- ပင်တာလို့ အသံထွက်တယ်။
(၃)
ပန်ထွေဖျော်ကို ဝီကီပီးဒီးယားမှာ ခရမ်းချဉ်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ဆားတဲ့။ ၆ မျိုး။ ငပိအစား ဆားလို့ရေးထားတယ်။
(၄)
ဒီနေ့ညစာ ပန်ထွေဖျော်နဲ့ စားပါတယ်။ ပဲတောင့်ရှည်ခေါ် တိုင်ထောင်ပဲ ခရမ်းရောင် ပြုတ်ပြီး သုပ်တယ်။ ကြက်ဥချေကြော်။ ဓါတ်ပုံမရိုက်အားပါ။ စားနေလို့။ 
ပုံကို ဂူဂယ်လ် ကနေယူပါတယ်။ ကျေးဇူး။
ဒီနေ့ညစာ ပန်ထွေဖျော်က အညာနည်းအတိုင်း။
၁။ ခရမ်းချဉ်းသီးကို မီးကင်တဲ့နည်းက အမှန်ဆုံး။ မီးဖိုနေအိမ်အခြေအနေမရ တချို့ကပြုတ်တယ်။ ကနေ့ မိုက်ခရိုဝေ့ဖ်မှာ အပူပေးသတဲ့။
၂။ ငပိပါတယ်။ တချို့က ငန်ပြာရည်(ငံပြာရည်)။ ငပိကောင်းမှသာ ပန်ထွေဖျော်ကောင်းတယ်။
၃။ ကျွန်တော်ကတော့ ဆီစိမ်းလေးနည်းနည်းတော့ပါမှ။ 
၄။ ငရုတ်သီးလည်း အခြောက် အကြမ်းမှုန့် ရော။ 
၅။ အစိုရော ပါချင်သေးတာ။ ခပ်သေးသေးကိုက်ထည့်။
၆။ နံနံပင်။ (ရှမ်းနဲ့၊ တရုပ်နံနံထည့်ရင် အနံ့ပျက်ရော)
၇။ ကြက်သွန်နီ ပါရတယ်။
၈။ ကြက်သွန်ဖြူလည်း ထည့်နိုင်တယ်။
စားကောင်းအောင်ဆိုပြီး အပိုတွေပါထည့်ရင် စားမကောင်းတော့ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ