၁။ ဘီဘီစီ မြန်မာပိုင်းရဲ့ ယူကျု ချင်နယ်လ်မှာ ပရိသတ် တစ်သန်း ပြည့်ခဲ့ပြီ
၂။ ခြေတလှမ်း ကုဋေတသန်း
တေးရေး - ဟင်္သာတ မြင့်ငွေ
တေးဆို - အောင်ဟိန်း
https://my.pcloud.com/publink/show…
၃။ အာဝါဟသဘင် (သုမောင်)
တနေ့တွင် ကျွန်တော်သည် ကျွန်တော်၏ ဇနီးသည်နှင့် ပတ်သက်သော မိတ်ဆွေ မင်္ဂလာဧည့်ခံပွဲ တခုသို့ သီချင်းသီဆို လက်ဖွဲ့ရန် သွားရောက်ခဲ့ရ ပါသည်။ ထုံးစံအတိုင်း ကျွန်တော်ရောက်ခဲ့ရသော အခြား မင်္ဂလာဧည့်ခံပွဲများကဲ့သို့ မင်္ဂလာရှိသည့် သီချင်းများ တပုဒ်စ နှစ်ပုဒ်စ ဆိုမလို့ သီဆိုပေးရရုံမျိုး မဟုတ်ခဲ့ပါ။
အခါတော် ပေးရန် တဲ့။
'အခါတော်ပေး' ဆိုသည်မှာ သတို့သမီး သတို့သားတို့ မင်္ဂလာအချိန် ကျရောက်ပြီမို့ မင်္ဂလာ ဧည့်ခံခန်းမသို့ ကြွရောက်တော်မူလာ ကြသောအခါ သူတို့စုံတွဲ ခြေတလှမ်း ကုဋေတသန်းနှုန်းဖြင့် လျှောက်လာကြသောအခါ စည်းချက်ဝါးချက်နှင့် လိုက်ဖက်ညီစွာ ငြိမ့်ငြောင်း သာယာသော 'ဇေယျတု' အစချီ ပွဲထုတ်သီချင်းခန့်ကို သီဆိုပေးရခြင်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment