Skip to main content

ဗျာ

ဥရောပ ခြောက်နိုင်ငံက ဘုံဈေးတခု တည်ထောင်ခဲ့ရာ၊ ယခုအခါ ဥရောပတွင် ဘုံဈေးဟု ဆိုလျှင် လူတိုင်းသိနေကြ၏။ ဘုံစျေး ဆိုသော စကားလုံးသည် ပြင်သစ်ပြည်၌ ဘန်းစကားတခုအဖြစ် ခေတ်စား နေသော်လည်း၊ အခြားဥရောပနိုင်ငံများက ဘာကိုဆိုလိုမှန်း မသိကြ။ သို့ရာတွင် မဂ္ဂဇင်းတစောင်က ပြည့်တန်ဆာလောကကို ဘုံစျေးဟုခေါ်ကြောင်း ထုတ်ဖော်ရေးသားလိုက်မှ အခြားဥရောပနိုင်ငံများက ဘုံစျေး အဓိပ္ပါယ်ကိုနားလယ်(နားလည်)သွားကြသည်ဟူ၏။ မှန်နန်းဂျာနယ် - တွဲ-၁ ၊ မှတ်-၆ (ဇန် ၁၉၆၁)

ဘုံဘိုင် = ပေါ်တူကီစာလုံး ဖြစ်ပါတယ်။ ဆီ၊ ရေနံဆီ၊ ဓါတ်ဆီတွေကို ထည့်စရာ အကြီးထဲကနေ လိုတဲ့ဆီကို မဖိတ်မစင်အောင် ထည့်ပေးတဲ့ သွပ်၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ကိရိယာကိုလည်း ဘုံဘိုင်လို့ခေါ်တယ်။

ကျမက အများပိုင် communal ဖြစ်လို့ ဘုံပိုင်လို့ ခေါ်တယ်လို့ထင်နေတာဆရာ။ ကျေးဇူးပါ။

ဘုံ = အများနှင့် သက်ဆိုင်သော။ ဘုံလယ်မှာ ဂျပန်ခေတ်က ပျက်ခဲ့‌ရသော လယ်ဟောင်းကြီးဖြစ်၏။ တို့မြေယာ။ ၄၄။

၃၁ ဘုံ = ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တဘုံ ရှိသည်။

တရုပ်ဘုံကျောင်း

နန်းဘုံသီဟာဘွေ ယိုးဒယားသီချင်း

ဘုံကထိန်

ဘုံဆကွဲကိန်း (သချင်္ာ)

ဘုံဆတိုးကိန်း (သချင်္ာ)

ဘုံဆိုင် (အရက်ဆိုင်)

ဘုံဆိုင်ပစ္စည်း

ဘုံပတီး (ဘုံးပတီး)

ဘုံပြတ် (မြင်းလှည်း)

ဘုံပြာဿတ်

ဘုံဗိမာန်

ဘုံမတီးငှက်

ဘုံလယ်ယာမြေ

ဘုံလျှို (မွေ့ရာ)

ဘုံဝါဒ

ဘုံသုဉ်းကန်း (သချင်္ာ)

ဘုံအိမ်

ရေဘုံပိုင်

လူ့ဘုံ၊ နတ်ဘုံ

လူ့ဘုံခန်းဝါ

နန်းဘုံသီဟာဘွေ (ကပီယိုးဒယား) စောင်း-ချိုသွေးအောင် ဆို - ခင်ချမ်းငြိမ်း https://www.youtube.com/watch?v=YQK3Gn7mOno

ဒေါက်တာတင့်ဆွေ

Comments