(စ) ဇာတိ မြိုင်နယ်၊ အလယ်တန်း ပုလဲနယ် ပန်းရွာမှာပညာသင်ခဲ့၊ အထက်တန်း ပုလဲမြို့။ ၁၉၉၄-၉၅ သင်ရိုးပြောင်းပြီး ဆရာတွေ ချာလပတ်ရမ်းချိန်၊ တက္ကသိုလ်ဝင်တန်း တဘာသာပဲ ဂုဏ်ထူးရ။ မြန်မာစာ စိတ်ဝင်စားပေမယ့် တ နဲ့ သ မပီ၊ လေ့လာဆဲ ပြေးဆဲမို့ - (ဆုံး)
စာကို တည်းဖြတ်ထားပါတယ်။
၂။ မြန်မာစာဂုဏ်ထူးရသူတယောက်လည်း ပြောပြပါသေးတယ်။
(စ)ဟုတ်ကဲ့ပါရှင့် မာ(မှာ) အောက်မှာ တချောင်းငင်ထည့်ရင် keyboard ပြောင်းနေရလို့ရှင့် အမြန်ရေးလိုက်တာရှင့် ကျေးဇူးပါရှင့် သိပါတယ်ဆရာ တေနဲ့တွေက အမြန်ရေးလိုက်မိတာပါ အောက်က ဝဆွဲထည့်နေရင်ကြာမာ (မှာ) စိုးလို့ပါရှင့် ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူး ထွက်ထားတာပါရှင့် ထောက်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင့် (ဆုံး)
- ပညာကို အလေးထားသူတွေက ပြေးနေကြရတဲ့ခေတ် ဖြစ်ပါသည်။
- 'တွေ' ရေးတာ ဝဆွဲနဲ့ 'မှာ' ရေးတာ ဟထိုးထည့်ရေးရမှာ ပျင်းရိသူတွေက ဂုဏ်ထူးရကြတဲ့ခေတ် ဖြစ်ပါသည်။
- တဝမ်းပူမှာ စသတ်အပို ထည့်ရေးသူတွေက စာပေဆုတွေရကြတဲ့ခေတ်လည်း ဖြစ်ပါသည်။
- သတ်ပုံမှန်နဲ့ရေးထားတဲ့စာအုပ်တွေကို မှားအောင်ပြင်ထုတ်တဲ့စာအုပ်တွေ ရောင်းမလောက်တဲ့ ခေတ်လည်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment