Skip to main content

ဝှန်း ဝှမ်း ဝန်း

၁။ မြန်မာပြည်တဝှမ်းလုံး မြန်မာပြည်တဝှန်းလုံး ဘယ်ဟာကအမှန်လဲဆိုတာ သိချင်ပါတယ်ဆရာရှင့် ငယ်ငယ်ကတည်းက တဝှမ်းလုံးနဲ့ပဲ မြင်ဖူးသုံးဖူးလာခဲ့တာ အခုဆရာရေးတဲ့အထဲမှာ တဝှန်းလုံးလို့ တွေ့လို့ပါရှင့်

၂။ ကမ္ဘာတစ်ဝန်းက အမှန်လား၊ ကမ္ဘာတဝန်းက အမှန်လားဗျ။

၃။ တဝှမ်းလုံးကအမှန်လား တဝန်းလုံးကအမှန်ပါလားဆရာ

ဝှန်း

ဝှန်းဆူသောင်းလုံး၊ နယ်တဝှန်းလုံး၊ ယူဇနာအဝှန်း၊ နတ်လူအဝှန်း၊ နိုင်ငံအဝှန်း (တဝန်း)။

ငွေတာရီ မဂ္ဂဇင်း ၁၉၇၅ ဇွန်လ

တလအတွင်း စာပေနှင့် ယဉ်ကျေးမှု သတင်း

ပြည်ထောင်စုမြန်မာနိုင်ငံ တဝှန်းလုံး၌

မြန်မာ့ လယ်တောတခွင်၌

တဦးတယောက်၌

လက်ဖက်၊ လဘက်၊ လ္ဘက် မူကွဲတွေဖြစ်ပါသည်။ တလကို စသတ်နဲ့ရေးတာ မူလွဲသာဖြစ်ပါသည်။

ဇဗ္ဗူတဝှန်းမှာ လှူဒါန်းမယ့်သူတွေ - ရွှေမန်းတင်မောင် (အောင်ပါစေသီချင်း)

ဝှမ်း

ချိုင့်ဝှမ်း

တိမ်ဝှမ်း

နက်ကျယ်ဝှမ်း

မဝှမ်းမကော

အဝှမ်းလယ်

ကြေးဝှမ်းသည်

ဝန်း

ကမ္ဘာတဝန်း

တဝန်း (တခုလုံး၊ နိုင်ငံတဝန်းလုံး)

ပတ်ဝန်းကျင်

မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ

မျက်ဝန်းလဲ့ပြာပြာ

ဝန်းကျင်တခို

ဝန်းကျင်ပတ်လည်

ဝန်းပတ် = ဝန်းလျား = ခြံရံသည်

ဝန်းခြုံ

ဝန်းရံ

ဝန်းရံခြုံ၍

ဝန်းလည်

ဝန်းဝိုင်း

ဝန်းသိုမြို့

အဝန်းအဝိုင်း

ညောင်ဝန်းရွာ

နေဝန်းလဝန်း

မြေပြင်တဝန်း

- မြို့တွင်းစည်းခုံ၊ ရောင်ဟုန်တောက်ပ၊ လောကသရဖူ၊ ဝှန်းဆူပေါက်ပြ၊ (အင်းဝပျက်တမ်းချင်း ဟံသာဝတီရောက်မင်း)

- ခုနစ်နေ့ဘုရားရှိခိုး

တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ စံတော်မူသည် … ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။

ဒေါက်တာတင့်ဆွေ

Comments