Skip to main content

တပါးသော ယောဂီသည်



သတ်ပုံမှန်မှ တရားမှန်သည်။

တရားပြင်ခြင်း မဟုတ်။ သတ်ပုံပြတာသာဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

၃၁-၃-၂၀၁၉

Thingyan ငယ်တုန်းကသင်္ကြန်

တောကသင်္ကြန်၊ မချမ်းသာတဲ့သူတို့ရဲ့သင်္ကြန်၊ အနုပညာဘာမှမသိသူတို့သင်္ကြန်၊ မုံရွာကသင်္ကြန်ကိုသာ ငယ်စဉ်က ဖြတ်သန်းခဲ့ရပါတယ်။ အခုခေတ်သင်္ကြန်ကိုတော့ လိုက်မမီပါ။ ခုခေတ်လူတွေကလည်း အရင်ကသင်္ကြန်ကို မမီခဲ့ကြဘူး မဟုတ်လား။ စကားပြိုင် ပက်ကြရအောင်။

သင်္ကြန်ကို စိတ်ဝင်စားတာက လူပျိုမဖြစ်ခင်က အကဲဆုံး။ သင်္ကြန်မတိုင်ခင်ကတည်း စိတ်အားတက်ကြွနေကြပြီ။ သင်္ကြန်ကျဖို့က ဘယ်နှစ်ရက်လိုတော့တယ်၊ ပြက္ခဒိန်ကိုနေ့တိုင်းကြည့်ကြ။ ညီအကိုတတွေသာမက၊ သူငယ်ချင်းတွေပါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတာ နေ့ညမအားကြပါ။ ဆိုင်ကရောင်းတဲ့ ရေပြွတ်တွေကို မဝယ်နိုင်ကြ၊ ပလပ်စတစ်နဲ့ လုပ်တာတွေကလည်း မပေါ်သေးပါ။ ကိုယ့်ကိုယ်ကိုသာအားကိုးတဲ့အကျင့်က ငယ်ကတည်းကရတာ။ လက်နက်ကိုယ်စီ ရှာရေး စီမံကြတယ်။ တရုပ်လုပ် မဟုတ်၊ မြောက်ကိုရီးယားလုပ် မဟုတ်၊ ဝါးပြွတ် စစ်စတင်းကို ၁၆ နှစ်သား မတိုင်ခင်ကတည်းက ကိုင်ကြတာ။

မုံရွာ ရတနာပုံရပ်ကွက်က ဘေးအိမ်တွေမှာ ဝါးနှီးသပ်ကြတာမို့ ဝါးရှာတာမခက်ပါ။ ခက်တာက ဝါလုံးခပ်သေးသေး အနေတော်ရှာရေး။ ဝါးတဆစ်ကို တဖက်ပွင့်ထား၊ ဝါးကိုကွဲမသွားအောင် ဓါးနဲ့ဖြတ်ရတာက ပညာ။ ငယ်တဲ့ကောင်တွေက ကြီးတဲ့သူလုပ်သမျှ ငေးကြည့်ကြ။ အထဲထိုးရမယ့် ပြွတ်တံလုပ်စရာ ဝါးခြမ်းပြားကို အနေတော်ရှာ၊ တဖက်ထိပ်မှာ အဝတ်စုတ်နဲ့ လုံးပတ်ပြီး၊ သားရေကွင်းနဲ့ တင်းနေအောင်စီး။ ပြီးရင် တဖက်ပိတ်ဝါးလုံးထဲ ထိုးထည့်ကြည့်။ ချောင်နေရင် ထပ်တိုး၊ ထိုးမရရင်တော့ လျှော့။ အခက်ဆုံးကတော့ အဆစ်ပါတဲ့ ဝါးလုံးထိပ်မှာ အပေါက်ကို သံချောင်းနဲ့ ကွဲမထွက်အောင် ဖေါက်ရတာ။ မီးထဲမှာ သံချောင်းကို အပူပေးပြီး ချော့ဖေါက်ပါလေ။ စိတ် အတော်ရှည်ရပါကလား။

ကိုင်း နက်ဖြန်မနက်မှာ အကျနေ့တဲ့။ အိပ်မပျော်ခဲ့ကြပါ။ မနက်မှာ အစောကြီးနိုး။ မိုးမလင်းတလင်း အေးမြခြင်းဆိုတဲ့ အတွေ့က ဂွတ်မောနင်း။ ဟင်း ဘယ်နှယ်လုပ် ရေပက်မလည်းကွ။ နေမြင့်အောင် စောင့်ကြရ။ မြို့ထဲ ခြေလျှင်လျှောက်။ နောက်မကျပါ။ တနေ့မှာ တရပ်ကွက်။ လက်ချိုးရေလို့ရတဲ့ သင်္ကြန်မဏ္ဍပ်မှာ ဆိုတာတွေ၊ ကတာတွေ၊ လှတာကို သိပ်စိတ်မဝင်စားကြတဲ့အရွယ်။

နည်းနည်းကြီးလာတော့ သတ္တုလုပ်ရေပြွတ်မျိုး ကိုင်တတ်လာပြီ။ တချို့တွေက စက်ဘီးလေထိုးတံမှာ ဘောလကျွတ် ထပ်ကြတယ်။ ကမ်းနားလမ်းသွားလည်ရင် မီးသတ်ပိုက်နဲ့ ရေပက်တာ အနားမကပ်ရဲပါ။ အိုးမည်းသုတ်တဲ့ အထဲတော့ တခါတလေပါဘူးတယ်။

လူပျိုပေါက်ဖြစ်လာတော့ ရှက်တတ်တာနဲ့ စိတ်ဝင်စားမှုပါ တမျိုးပြောင်းလာတယ်။ ဝါးရေပြွတ်နေရာမှာ ရေဖလား အစားထိုးလာပြီ။ ရပ်ထဲရွာထဲက သက်တူရွယ်တူမိန်းကလေးတွေကို ရေပက်ရမှန်းသိလာကြပြီ။ ရှက်စိတ်ကပိုလို့ သင်္ကြန်ဇာတ်လမ်းဆိုတာတော့ မရှိခဲ့ပါ။ ဒါကြောင့်ထင်ပါရဲ့ တနှစ်တတန်း အောင်တယ်။

ပိတောက်ပန်းကို လွမ်းစရာလို့ သတိမထားခဲ့မိပါ။ မြေသင်းနံ့နဲ့ ဝါးပြွတ်ဟာ ကျွန်တော့်ဘဝမှာ သင်္ကြန်သင်္ကေတ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၃-၂၀၁၉

ဘုရားကန်တော့

ဘုရားကတော့.mp3 လို့ တွေ့တယ်။ မှားနေတယ်။ ဘုရားကန်တော့လို့ ရေးသင့်တယ်။

ကန်

ကနဖျင်း

ကန်ကျိုးသည်

ကန်စွန်းပင် (ကစွန်းပင်)

ကန်တူးသည်

ကန်ဖျားရွာ

ကန်ရွာ

ကန်ရာသီ

ကန်ဦးကျောင်း

ကန်ကျောက်သည်

ကန်တော့ပလ္လင်

ကန်တော်ကြီး

ကန်တော်မင်းကျောင်း

ကန်ပေါက်ရွာ

ကန်ရေ

ကျားကန်သည်

ကန္နဦး (ကနဦး)

ကန္တရခရီး

ပန်းကန်ပြား

ပုန်ကန် (ပုံကန်)

ကြည့်ကန်

ဘုရားကန်တော့သည်

မှန်မှန်ကန်ကန်

မိဘ ဆရာသမား ကန်တော့သည်

ရတုရကန်

သရုပ်သကန်

သဘောသကန်

ဧဝကန်

ညောက်ကန်ရွာ

ကြွေပန်းကန်

ရေကန်အသင့် ကြာအသင့်

လျော်ကန်သင့်မြတ်

ဒေါက်တာတင့်ဆွေ

၃၁-၃-၂၀၁၉

တပွဲတလမ်း 

သခင်ကိုယ်တော်မှိုင်း၏ တပွဲတလမ်း

ဗိုလ်တာရာ၏ တပွဲတလမ်း

ခေတ်လူတွေက သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်တာရာတို့ထက် သတ်ပုံတော်ကြသလိုလို။

တချို့က တစ်ပွဲတစ်လမ်း တဲ့။

တချို့က တစ်ပွဲတလမ်း တဲ့။

တချို့က တပွဲတစ်လမ်း တဲ့။

သုံးစုလုံးက ဆရာကြီး ဆရာမကြီးတွေ။

ဒေါက်တာတင့်ဆွေ

၃၁-၃-၂၀၁၉

Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြစေ

ဆရာရှင့် ရိုသေစွာမေးမြန်းလိုပါတယ်။ ကျမအမေက အသက် ၅၃ နှစ်ရှိပါပြီရှင့်။ မနက်အိပ်ယာနိုးနိုးချင်းဆိုရင် ခြေချောင်း လက်ချောင်းတွေက တင်းပြီးနာနေတယ်။ ကွေးလို့မရဘူးဆရာ။ ဖြစ်နေတာကတော့ ၁ နှစ်လောက်ရှိပါပြီဆရာ။ သွေး ဆီး အကုန်စစ်ပြီး သမားတော်ပြတော့လည်းရောဂါမတွေ့ဘူးတဲ့ဆရာ။ ဘယ်လိုနည်းနဲ့ကုသပေးရမယ်ဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါလားဆရာ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော မရှိရင် စိုးရိမ်စရာမရှိပါ။ နှစ်ဖက်လုံး (လေးဖက်လုံး) ဖြစ်တာလား။ နာသလား။ ရောင်နေသလား။ ထုံသေးလား။ သွေးဆုံးပြီလား။

သွေးတိုး/ဆီးချို /ကိုလက်စထော မရှိပါဘူးဆရာ။ လက်ဖဝါးနှစ်ဖက်/ခြေဖဝါးနှစ်ဖက်လုံးဖြစ်ပြီး အိပ်ယာနိုးစဆိုရင် လက်လည်းကွေးလို့မရသလိုခြေထောက်လည်းထောက်လို့မရပါဘူးဆရာ။ တင်းပြီးနာပါတယ်တဲ့ဆရာ။ ရောင်တာ ထုံတာတော့မဖြစ်ပါဘူးဆရာ။ သွေးဆုံးပြီး သိပ်မကြာခင်မှာ စဖြစ်တာပါဆရာရှင့်။

ဒီအရွယ်အမျိုးသမီးတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုလက်စထော မရှိတာ အလွန်ကံကောင်းတယ်။ သတိထား လိုက်နာစရာတွေတော့ ရှိပါတယ်။ အငန် (ဆိုဒီယမ် = ဆား၊ ဟင်းချိုမှုံ့၊ အသားမှုံ့) လျှော့ပါ၊ ရှောင်ပါ။ သွေးဆုံးပြီးရင် မ-ဟော်မုန်းနည်းသွားတယ်။ တချို့မှာ ဟော်မုန်းအစားထိုးဆေးပေးရတယ်။ သဘာဝအမျိုးသမီးဟော်မုန်း ပါတာတွေ စားသုံးရမယ်။ အစေ့အဆံတွေ၊ အစေ့အဆံတွေကရတဲ့ဆီ၊ ပဲပုပ်၊ ပြောင်း-ပြောင်းနှံ၊ ပေါင်မုံ့၊ ပဲတောင့်ရှည်နဲ့ အသားတွေမှာပါတယ်။ ဗီသွာ (နှမ်းကြတ်) နဲ့ အစေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ ပဲပုပ်နဲ့ တို့ဟူးတို့က ဒုတိယလိုက်တယ်။ ကုလားပဲနဲ့ ပဲနီလေးတွေမှာလဲ ပါတယ်။

ဗီတာမင် ဘီ ၆ သောက်ပေးတာ တချို့မှာ သက်သာတယ်။ ဗီတာမင် (အီး) ကတော့ နည်းနည်းအကျိုးရှိတယ်။ Menosan ဆေးမှာ (ဟာဗယ်) ဆေးတွေ ပါတယ်။ Tibolone နဲ့ Black Cohosh အကျိုးရှိတာ တွေ့ရတယ်။

အမျိုးသမီးနဲ့ ကယ်လ်စီယမ် အလွန်အရေးကြီးတယ်။ အသက် ၃၅-၄ဝ နှစ်ကျော်လာရင်လိုပြီ။ ဗီတာမင်ဒီနဲ့ တွဲသောက်သင့်တယ်။ အသက် ၅ဝ ကျော်ရင် 1200 to 1,500 mg လိုတယ်။ သတိထားဘို့က စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။ များရင်မကောင်းပြန်ပါ။

Osteoporosis အရိုးအားနည်းရောဂါဖြစ်နေရင် မတော်တဆကနေ အရိုးကျိုးလွယ်မယ်။ အရိုးထုထည်နဲ့ သိပ်သည်းမှု နည်းလို့ဖြစ်တယ်။ အမေရိကမှာ နှစ်စဉ် ဒီရောဂါနဲ့ဆက်ပြီး အရိုးကျိုးသူပေါင်း ၁့ ၃ သန်းကျော်တယ်။ အသက် (၇ဝ) ကျော် ယောက်ျား-မိန်းမတွေ တနေ့မှာ ဗီတာမင်ဒီ 800 IU လိုအပ်တယ်။ ဒိထက်ငယ်သူတွေက 600 IU လိုတယ်။ (ကယ်လ်စီယမ်) စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။

သက်သတ်လွတ်စားသူ၊ Lactose intolerance ရောဂါရှိသူ၊ (ပရိုတင်း) အစာများလွန်သူ၊ ဆာစားများလွန်းသူ၊ Osteoporosis အရိုးအားနည်းသူ၊ Corticosteroids ကော်တီကိုစတီရွိုက်ဆေး ကြာကြာသုံးနေရသူတွေမှာ အစားအသောက် ဂရုစိုက်ယုံနဲ့ မလုံလောက်ပါ။ ဆေးအနေနဲ့ Calcium carbonate, Calcium citrate, Calcium gluconate နဲ့ Calcium lactate ဆိုပြီး ၄ မျိုးရှိတယ်။ Calcium carbonate က ဈေးချိုတယ်။ တခြားဗီတာမင်တွေနဲ့ ရောထားတာတွေလဲရှိသေးတယ်။ များသွားလို့ မကောင်းတာလဲ သတိထားပါ။

(ကယ်လ်စီယမ်) ပါတဲ့ အစားအသောက်များ = နွားနို့၊ ဒိန်၊ ဒိန်ခဲ၊ အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊ အရိုးပါစားလို့ရတဲ့ငါးများ၊ ကယ်လ်စီယမ်) ဖြည့်စွက်ပေးထားတဲ့အစားအသောက်များ။

နွားနို့ 8 ounces (237 milliliters) = 300 milligrams

ဒိန်ခဲ (ယူအက်စ်) 2 ounces (57 grams) = 300 milligrams

တို့ဖူး 4 ounces (113 grams) = 260 milligrams

ရောဂတ် (ဒိန်ချဉ်) 6 ounces (177 milliliters) = 225 milligrams

အိုက်စခရင်မ် 4 ounces (113 grams) = 120 milligrams

ဒိန်ခဲ (အိမ်လုပ်) 4 ounces (113 grams) = 70 milligrams

အဝတ်အစား အေးတာရွေးဝတ်ပါ။ (ကေဖင်း) ပါတာ လျှော့စားပါ။ အပူအစပ် လျှော့စားပါ။ အဆီ လျှော့စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အကြာကြီးငြိမ်ထိုင်နေတာ လှဲနေတာ မကောင်းပါ။ ယောဂလုပ်ပါ။ အနှိပ်ခံပါ။ တရားထိုင်ပါ။ ကိုယ်အလေးချိန်ချပါ။ စိတ်ကို အပြုသဘောဆောင်ပါ။ မြန်မာအမျိုးသမီးကြီးတိုင်း ကျက်သရေရှိကြပါစေ။

40 Celebrities Over 40 Who Seem to Be Aging in Reverse https://www.prevention.com/beauty/skin-care/g25226468/celebrities-over-40-who-dont-age/

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ