Skip to main content

ကျွန်တော်လည်း တရားခံ

သမိုင်းတရားခံများ မောင်သာနိုးရဲ့ နိုင်ငံရေးအမြင်။ နှစ်ကာလများ၊ ပထမအကြိမ်၊ ၂၀၁၈။ 

တင်ပေးထားသူ ကျေးဇူး။ 

ဆရာမောင်သာနိုးထောက်ပြတဲ့ တရားခံတွေကို သိကြစေချင်တယ်။ ဆရာမောင်သာနိုး အရေးအသားနဲ့ စာလုံးပေါင်းသတ်ပုံကိုပါ သတိပြုသင့်ကြတယ်။

ကျွန်တော်ကတော့ မောင်သာနိုးလိုအဆင့်ရှိတဲ့ စာရေးဆရာတွေကနေ စာတင်ခံရလောက်အောင်ထိ မစွမ်းပါ။ နဝတခေတ်က မြက်ခင်းသစ်မှာတော့ ဇာတ်လိုက်။ အဲဒါက လုပ်သားပြည်သူ့နေ့စဉ် နောက်ကျော်ဖုံးမှာ တရားခံပြေးသတင်းကနေ စပါတယ်။ ၁၉၉၀ ခု၊ နိုဝင်ဘာလ ၂၈ ရက်နေ့က။

တိုင်းပြည်ကနေထွက်ပြေး၊ ဒီမိုကရေစီရေး ခေါင်းစဉ်နဲ့ နိုင်ငံရေးဆက်လုပ်တာ အနှစ် ၂၀ ကျော်တယ်။ တခါမှာတော့ ကိုယ့်လူကိုယ်ဖက်သားတွေက စာထုတ်တာခံရတယ်။ သမိုင်းတရားခံတမျိုး။ Written by Roman Brutus in Burmese ကျွန်တော်လည်း ခေသူမဟုတ်။

ကျွန်တော်က မဆလ ပါတီဝင် မဖြစ်ခဲ့ပါ။ မဖြစ်တာက မလျှောက်လို့တော့ မဟုတ်။ ဘယ်အစိုးရဝန်ထမ်းမဆို (၉၉%) ပါတီဝင်မှ ဖြစ်တဲ့ခေတ်။ ကျွန်တော့လျှောက်လွှာ ပျောက်ဆိုလား မသိ။ ၁၅ နှစ် အမှုတော်ထမ်းတဲ့အထိ ပါတီဝင်မဖြစ်ခဲ့ပါ။ ပုလဲမြို့နယ်ဆရာဝန်တာဝန်ကျစဉ်က တပ်တွင်းပညာပေး သွားတက်ရတယ်။ ပါတီဝင်မဟုတ်သူဆိုလို့ ကျွန်တော်သာ ရှိမလားဘဲ။ ပညာပေးသတင်တန်းလည်းပြီးရော မဆလ ပြုတ်ကျပါလေရော။ ကျွန်တော်က ကပ်ပြီး ခေတ်မီလိုက်တာ။ 

အခုတော့ မောင်သာနိုးစာထဲမှာပါတဲ့ ဆရာမင်းသုဝဏ်ဦးစီးထုတ်ခဲ့တဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ကို လက်ကိုင်ပြုပြီး စာလုံးပေါင်းသတ်ပုံတွေကို ထောက်ပြနေပါတယ်။ မဆလ တင်းပြည့်ပါတီဝင်တွေကတော့ ကျွန်တော့သတ်ပုံစာတွေကို သဘောမကျလောက်ပါ။ ဆောရီး။

ထောက်ပြစရာ ကျန်သေးတယ်။ ဆရာမောင်သာနိုးစာအုပ်ကို ၂၀၁၈ ခုနှစ်မှာထုတ်တယ်။ နဝတ ခန့် စာပေစိစစ်ရေးမရှိတော့ပါ။ နဝတ ခန့် မြန်မာစာအဖွဲ့ကြီးတော့ ရှိတယ်။ တချို့က မြန်မာစာအဖွဲ့ထုတ် ၁၉၉၁ ဘုတ်အုပ်ကြီးအတိုင်းမရေးရင် ထုတ်ဝေခွင့်မရသလိုလို မှားထင်ပြီး၊ မမှန်အောင်ပြောနေကြတယ်။

မြန်မာ့ရာဇဝင်မှာ သမိုင်းတရားခံတွေ များခဲ့တယ်။ တိုးလာနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ