နေနဲ့ တောင်တန်းကို အဝေးမှာလှမ်းမြင်ရတဲ့အရပ်ဟာ မြန်မာပြည်အလယ်ပိုင်းက မိုးခေါင်ရေရှားရပ်ဝန်း။
နေထွက်တာကို တောင်တန်းပေါ်မှာ မြင်ရရင် အရှေ့အရပ်က ရှမ်းကုန်းပြင်မြင့်။ နေဝင်ချိန်သာဆိုရင် အနောက်ရိုးမ တောင်တန်းကြီး။
ကောက်ရိုးပုံနဲ့ နွားတရှဉ်း၊ တမာပင်နဲ့ လူနေတဲတို့သည်ကား ဟိုအရင် နှစ်တရာမကကတည်းက မြင်ကွင်း။ ပြောင်းလဲခြင်းမရှိ။ နေထွက် နေဝင်သလိုသာ ပုံမှန်ရှိ။ ပကတိ။
ဟိုအဝေးက တာဝါတိုင်သည်ကား တောသားများ စားသုံးရန်မဟုတ်။
သြော် သဘာဝတရားဟာ တိုးတက်ချမ်းသာလာခြင်း ကင်း၏တကား။
(ပုံအတွက် ကျေးဇူး။)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment