မြန်မာနိုင်ငံမြောက်ပိုင်း တောအုပ်ကြီးထဲ၌ ငှက်အုပ်ကြီး တအုပ်သည် သစ်ပင်တပင်ပြီးတပင် လတိုင်းလိုလို ပြောင်းရွေ့နေထိုင်လေ့ရှိသည်။
ဟာ ဟိုသစ်ပင်ကြီးဟာ တယ်ကြီးပါလားဟေ့
တခါသော် ထူးထူးခြားခြား ကြီးမားသော သစ်ပင်ကြီးတပင်ကို သွားတွေ့လေရာ -
ဒီသစ်ပင်ကြီးမှာ တသက်လုံး နေတော့မယ်
ဟုတ်သတော့ တကယ့်ကို နေချင်စရာကောင်းတဲ့ သစ်ပင်ကြီးဘဲ
သစ်တပင်ကောင်း ငှက်တသောင်း မှီခိုနိုင်တယ်ဆိုတာ ဒီသစ်ပင်ကြီးမျိုးဘဲ ထင်တယ်
ဟုတ်ပါ့ဗျာ
မှန်ပါဗျာ
အကုန် ကူးမရေးတော့ပါ။ တခါတုန်းက မြန်မာပြည်တဝှန်းလုံးမှာ စာကို မှန်အောင်ရေးခဲ့ကြတယ်။ အခုတော့ -
‘တစ်ခါတုန်းက’ တဲ့။
‘ငှက်အုပ်ကြီးတစ်အုပ်’ တဲ့။
‘သစ်ပင်တစ်ပင်ပြီးတစ်ပင်’ တဲ့။
‘တစ်ခါသော်’ တဲ့။
‘သစ်ပင်ကြီးတစ်ပင်ကို’ တဲ့။
‘တစ်သက်လုံး နေတော့မယ်’ တဲ့။
‘တစ်ကယ့်ကို’ တဲ့။
‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း မှီခိုနိုင်တယ်’ တဲ့။
‘သစ်ပင်ကြီးပဲ’ တဲ့။
‘ဒီသစ်ပင်ကြီးမျိုးပဲ’ တဲ့။
“မဟုတ်ပါ့ဗျာ”
“မမှန်ပါဗျာ”
ရွှေသွေးဂျာနယ် အတွဲ ၃၊ အမှတ် ၁၁။ ၁၉၇၁ ခုနှစ်
https://drive.google.com/.../1SwlMF_VS.../view...
ဒေါက်တာတင့်ဆွေ
Comments
Post a Comment