က-ကြီး တသွယ်၊ ခ-ခွေးဝယ်နှင့်
ဂ-ငယ် ဃ-ကြီး၊ င-တသီးမှာ
အပြီး စ-လုံးသာ။
ဆ-လိမ် ဇ-ကွဲ၊ ဈ-မြင်ဆွဲနှင့်
ည-လည်း အဝင်ပါတည်း။ … သျှိုး
ဂျိတ်(ခါ)ခေါ် ဋ-သံလျင်း၊ ဌ-ဝင်ဘဲနောက်
ဍ-ရင်ကောက်သည်၊ ထို့နောက် ဎ-ရေမှုတ်သွင်း၍
ဏ-ကြီးတင်းသည်၊ မယွင်း တ-ဝမ်းပူ။
ထ-ဆင်ထူးရေး၊ ရှေ့ ဒ-ဒွေးနှင့်
နောက်ဖေးက ဓ-အောက်ချိုက်ကူ၍။ … သျှိုး
န-ငယ်မူ ပ-စောက်ရေး။
ဖ-အုပ်ထုပ်၌၊ ဗ-ထက်ချိုက်သည်
နောက်လိုက် ဘ-ကုံးလေးနှင့်။ … သျှိုး
မ-နောက်ဖေးက၊ ယ-ရေး ရ-ကြီးခံ။
ထို့နောက်မှန်လှ၊ လ-နှင့် ဝ-မှာ
သ-ဟ အစုံရံသည်။ ။ … သျှိုး
ဠ-ကြီး အ- နောက်ပိတ်ဆုံးတည့်လေ။ … သျှိုး
ဗျည်းဟုခေါ်ကြရာ၊ အက္ခရာသည်
မှန်စွာ သုံးဆဲ့သုံးတည့်လေး။ ။ … သျှိုး
(အချိုးထောက်)-
အက္ခရာ သုံးဆဲ့သုံးကိုမှ
စီကုံးလို့ လင်္ကာသွယ်။ ။
ထုံးလိုချေ ရေလိုနှောက်ပါလို့
ကျောင်းထွက်တော့မယ်။ ။
လှကညာ ခင်ဆံတောက်ရယ်က
ထင်သလောက် ပြင်နှင့်ကွယ်
လာမယ်ပါ့ ပျို့မောင်ထွေး။ ။
(ဘတ်သီးကို ဆင်သလေလေ့)
ဘတ်သီးကိုဆင်
ဓာတ်မီး ကြည်လင်လင်နှင့်
နတ်ကြီးစင် ဟိုအကွေ့ဆီက
(ခင်ကညာရေ) … ဆီးကြိုလှည့်လေး။ ။ (ရှေးဆရာ)
ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment