ခရီးသည် ထုံးဆံမြိတ်နှင့်
ပုန်းအိပ်လို့ နေခို
ရွှေဘိုသို့ မျှော်မှန်း။
မြမင်းဝံတောင်ကြောမှာ
မောင်မောရင် ဘယ်လိုေဖြရပါ့
ဝါးပလွေသျှောင်မှာထိုးပါလို့
ရွှေချိုးဖို ကူသံဆိတ်
တိတ်တိတ်ကယ်တိုးတိုး
လျှိုရိုးမှာ ခြေတလှမ်း
တောသံကဆန်း။
ရွှေပြည်တော် ရောက်နိုးနိုးနဲ့
တမိုးတော့ သောက်ပြန်ပြီ
ရှေ့ဆက်လို့ချီ
အရှေ့ဆီ၊ရောင်နီကပြေးပြေး။
ပန်းတရုံ လွှမ်းပုံဆင့်
ပန်းပွင့်က မွှေးမွှေး။
တုန်ဟည်းငယ်ညံ
ဗုံကြီးသံ ချိုချိုနွဲ့နဲ့
ကြိုလှည့်ပါစမ်း။
ရွှေဘိုသူ ညိုပြာညက်ကဲ့
သောက်ရေခွက်ကမ်း။ (တင်မိုး)
မူရင်းစာသား စာလုံးပေါင်း သတ်ပုံအတိုင်း တင်ပေးထားသူ ကျေးဇူး။
ခုခေတ်က သူများအမှန်ရေးတာကို မှားအောင်ပြင်ပြီး လူတတ်ကြီးလုပ်နေကြတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment