ပုံနဲ့အတူ စာတပုဒ် တွေ့တယ်။ ကျေးဇူး။ ကိုယ့်အရပ်နဲ့တိုင်းပြီး အိမ်ရှေ့က လူခေါ်ခေါင်းလောင်းကြိုးကို ခပ်တိုတိုပဲ ထားတယ်။ ဒီနေ့မနက် သတင်းစာပို့တဲ့သူက အိမ်တံခါးမှာ စာညှပ်ထားခဲ့တယ်။
လက်ရေးစာထဲမှာ မှီ နဲ့ မီ ကတော့ လွဲနေတယ်။
ကြီးရင်မှီ ငယ်ရင်ချီ
ခါတော်မီ
တိုင်ကိုမှီနေသည်
မကြာမီလာမည်
မတိုင်မီ
မပြောမီ
မလာမီ (မလာခင်)
မသွားမီ
မှီကပ်နေသည်
မှီခိုသူ
မှီငြမ်းပြုသည်
မှီတင်းနေထိုင်ကြသည်
မှီဝဲပါ
မှီအုံး
မီအောင်ဆိုပါ
မီအောင်လိုက်ပါ
လှတာလိုက်လို့မမီဘူး
အချိန်မစေ့မီ (အချိန်မတိုင်ခင်)
အချိန်မီ
ဘယ်ပန်းချီရေးလို့မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0
https://www.youtube.com/watch?v=civ6FCBUCHE
တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်း ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်းမှာ သီချင်းစားသာတွေကလည်း အတော်မှားနေတယ်။ ပုံပါလင့်တခုသာ မှန်တယ်။
https://www.youtube.com/watch?v=voD_I-Wn3Kw
မြန်မာသတ်ပုံရယ် နောက်နှစ်ဆောင်းအမီရောက်အောင် ပြန်ခဲ့စေချင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment